Wednesday, April 24, 2013

မိုးကောင်းဆရာတော် မီးရှို့အသတ်ခံရမှု စတင်စစ်ဆေး

Posted by drmyochit Wednesday, April 24, 2013, under | No comments


မိတ္ထီလာ၊ ဧပြီ ၂၂

မိတ္ထီလာ ပဋိ ပက္ခကို ပိုမို ကြီးထွား စေခဲ့သည့် မိုးကောင်း ကျောင်းတိုက် ဆရာတော် ဦးသောဘိတ (၄၅)နှစ်ကို အကြမ်း ဖက် သတ်ဖြတ်ခဲ့ မှုတွင် ပါဝင် ခဲ့သူ ခုနှစ်ဦးကို မိတ္ထီလာ ခရိုင် တရားရုံး၌ ဧပြီလ ၂၂ ရက်နေ့ တွင် ဒုတိယအကြိမ် ရုံးတင်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တရားရုံး ထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါ ဆရာတော်ဦးသောဘိတ သတ်မှုတွင် ပါဝင်ခဲ့သော မိတ္ထီလာမြို့ သီရိမင်္ဂလာနယ်မြေ (၁) တွင် နေထိုင် သူဖိုးချို (၃၃) နှစ်၊ မျိုးထွန်းထွန်း (၄၀)နှစ်၊ မျိုးညွန့်ဦး ( ၄၁)နှစ်၊ မျိုးဝင်း (ခ) ဒါရှိဂန်း (၄၆) နှစ်၊ မြတ်ကိုကို (ခ) အဏ္ဏဝါ ( ၂၀ ) နှစ်၊ ညီညီနိုင် (၁၈)နှစ်နှင့် ပြည်သာယာမြောက်ရပ်တွင် နေထိုင်သည့် ဇော်ထက် နိုင် (၃၁) နှစ်တို့ကို ( ပ) ၇၆ /၂၀၁၃ပြစ်မှုပုဒ်မ ၃၀၂ /၄၃၆/ ၁၁၄ တို့ဖြင့် မိတ္ထီလာမြို့အမှတ် (၂) ရဲတပ် ဖွဲ့စခန်းမှ ရဲအုပ်မြင့်သန်းက တရားလိုပြုလုပ်၍ မိတ္ထီလာခရိုင်တရားရုံး၌ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ တရားမကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ရုံးချိန်းကို ဧပြီလ ၂၂ ရက်နေ့ တွင် ထပ်မံဆင့်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း တရားရုံးထံမှ သိရှိရသည်။

အဆိုပါ ပြစ်မှု ဒုတိယအကြိမ်ရုံးချိန်း တွင် တရားလိုပြသက်သေ ခြောက်ဦးကို 
စစ်ဆေးကြား နာခဲ့ပြီး တတိယအကြိမ် တရားရုံးချိန်းကို ဧပြီလ၂၃ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန် ထွက်ပြေးလွတ်မြောက်လျက် ရှိသော မိတ္ထီလာမြို့ သီရိ မင်္ဂလာ နယ်မြေ (၂) တွင် နေထိုင်သည့် မော်လဝီကျော်နိုင် (၃၁) နှစ်၊ ကိုဝင်း(ခ) ကိုကိုဝင်း (ခ) ကျော်သူဝင်း (၂၆)နှစ်၊ စည်သူ (၂၆) နှစ်နှင့် သီရိမင်္ဂလာ နယ်မြေ (၁) တွင်နေထိုင်သူ ဟာဂျီမျိုးဝင်း (ခ) မျိုးညွန့် (ခ) အဒူ လမန် (၃၀) နှစ် တို့ကို တရားခံပြေးများအဖြစ် အမှုဖွင့်၍ ရှာဖွေ ဖမ်းဆီးလျက် ရှိကြောင်း အဆိုပါမြို့နယ် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါဆရာတော် ဦးသောဘိတ သတ်မှုသည် မိတ္ထီလာဒေသခံများ အထူး စိတ်ဝင်စားလျက်ရှိရာ ယင်းပြစ် မှု ဒုတိယ မြောက် ရုံးချိန်းကို ဒေသခံပြည်သူများ တရားရုံးပြင်ပတွင် လာရောက်နားထောင်ခဲ့ ကြသည်။

ပြီးခဲ့သည့် မတ်လ၂၀ရက်နေ့ ညနေ ၅နာရီခန့်က သာစည်မြို့နယ် ဟံဇားကျေးရွာ၊ မိုးကောင်းကျောင်းတိုက် ဆရာ တော် ဦးသောဘိတသည် မိတ္ထီလာ မြို့မဈေးကြီးသို့ မော်တော်ဆိုင်ကယ် ကယ်ရီဖြင့် လာရောက် ဈေးဝယ် ရာ သီရိမင်္ဂလာရပ်ကွက် ကားကြီးကွင်းနား အရောက်တွင် သီရိမင်္ဂလာနယ်မြေ (၁) နှင့်သီရိ မင်္ဂလာ နယ်မြေ (၂) တွင် နေထိုင်သည့် အကြမ်းဖက်လူတစ်စုက ဖမ်းဆီးရိုက်နှက်၍ ဓာတ်ဆီလောင်းမီးရှို့ ခဲ့ကြ ကြောင်း ဒေသခံ မျက်မြင်သက်သေများက ပြောကြားသည်။

ယင်းသို့အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ဆရာတော် ဦးသောဘိတကို ဒေသခံ လူငယ်အချို့က မိတ္ထီ လာမြို့ ပြည်သူ့ ဆေးရုံကြီး သို့ ပို့ဆောင်ကုသခဲ့သော်လည်း အဆိုပါည၌ ပင် ပျံလွန်တော်မူ သွားခဲ့ကြောင်း အဆိုပါ ဆေး ရုံကြီး၏ တာဝန်ကျ ဆရာဝန်များထံမှ စုံစမ်းသိရှိရသည်။

From: The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်