Wednesday, April 24, 2013

ရုရှားတို့ တင့်ကား TOS

Posted by drmyochit Wednesday, April 24, 2013, under | No comments

TOS လို့အမည်ပေးထားတဲ့ ရုရှားတို့ရဲ့ လျှို့ဝှက်တင့်ကားကို ၁၉၉၉ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။


TOS ကို ဆိုဗီယက် ခေတ် ကတည်းက တည်ဆောက် ထားခြင်း ဖြစ်ပြီး ၁၉၈၈-၈၉ခုနှစ် အာဖဂန် နစ္စတန်မှ ဆိုဗီယက် စစ်ပွဲမှာ စတင် အသုံးပြု ခဲ့ပါတယ်။ ၂၀၀၀ခုနှစ် Second Chechen စစ်ပွဲမှာလည်း အသုံးပြုခဲ့ ပါသေးတယ်။

TOS တင့်ကားဟာ အဝေးပစ်နဲ့ အနီးပစ်နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ပြီး အပိတ်အဆို့အတားအဆီးမရှိတဲ့ Open war တို့မှာ အသုံးတည့်ထဲ တင့်ကားဖြစ်ပါတယ်။ ဒုံးကျည်ပြောင်း ၃၀ ပါဝင်ပြီး ဒုံးကျည် အစင်း ၃၀လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်တဲ့ အရှိန်ပြင်း စစ်လက်နက်ဖြစ်ပါတယ်။

ဒုံးကျည် တင် မကပဲ၊ RPG သေနတ်ပါ တပ်ဆင် ထားပြီး အနီး ကပ်ခြုံ တိုက်လိုက် လာမယ့် ရန်သူကို ပါတိုက် ခိုက်နိုင်ပါ တယ်။ အနီးကပ် ပစ်နိုင်မယ့် သေနတ်ပြောင်း နဲ့ ဗုံးပြောင်း တို့လည်း တပ်ဆင် ထားပြီး အလျင် အမြန် မောင်းနှင် နိုင်တဲ့ တင့်ကား ဖြစ်ပါ တယ်။

အသုံးပြုတဲ့ အင်ဂျင်ကတော့ V-84MS ဒီဇယ်သုံး မြင်းကောင်ရေ ၈၄၀ အားရှိပါတယ်။ သူ့ရဲ့မြန်နှုန်း က တော့ တစ်နာရီ ကီလိုမီတာ ၆၀ မောင်း နှင်နိုင်မှာ ဖြစ်ပါ တယ်။ အတွင်း ခန်းမှာ စစ်သား သုံးဦး လိုက်ပါပြီး ပစ်ခတ်မှု တိုင်း ကို ကွန်ပျူတာ ထိန်းချုပ် စနစ်နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ရေဒီယို၊ အင်တာကွန်း၊ လမ်းပြ မြေပုံ စနစ် စသည်ဖြင့် စုံစုံလင် လင် ပါရှိပြီး ၂၀၁၀နောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေပေါင်းစပ် လာတယ်လို့ သိရပါတယ်။

TOS ကို Heavy flame thrower လို့ လူသိများပြီး လက်ရှိအသုံးပြုနေတဲ့နိုင်ငံကတော့ ရုရှားနဲ့ ကာဇာကစ္စတန်ဖြစ်ပါတယ် ဂျော်ဒန်နိုင်ငံမှလည်း ယင်းနည်းပညာကို ဝယ်ယူရန် စီစဉ်နေတယ်လို့ သိရပါ တယ်။

TOS အသုံးပြုပုံဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

International news for myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်