Wednesday, April 24, 2013

HRW အစီရင်ခံစာပါ စကားလုံးအသုံးအနှုန်းများကို လက်မခံနိုင်ကြ

Posted by drmyochit Wednesday, April 24, 2013, under | No comments


အမေ ရိကန် အခြေစိုက် လူ့ အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) မှ ထုတ် ပြန်သော အစီရင် ခံစာ တွင် စကား လုံး ပြင်းပြင်း ထန်ထန် သုံးနှုန်း လိုက်သဖြင့် ထိန်းသိမ်း နေရသည့် အချိန် တွင် အခြား ပြဿ နာများ ဖြစ်ပေါ် လာ နိုင်ကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင် တွင်းရေးမှူး ဦးစစ် မြိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ကုလ သမဂ္ဂ အဖွဲ့ အစည်းတွေ ကျန်တဲ့ အဖွဲ့ အစည်း တွေက လည်း ဆောင်ရွက် သင့် တာတွေ
ဆောင်ရွက် ပြီးတော့ အခြေ အနေ တွေ က လည်း အကောင်း ဘက်ကို ရှေးရှု နေတဲ့ အချိန်မှာ အခုလို အလွန် ပြင်းထန်တဲ့ စွပ်စွဲမှု တခု အနေ နဲ့ ထုတ် တယ် ဆိုတော့ ဒါဟာ ဘယ် လောက် ခိုင်မာ သလဲ ပြည်သူ သန်းခြောက် ဆယ်ကို ကိုယ်စား ပြုတာ မှန်ရဲ့လား ဆိုတာ ကို ဝေဖန်စရာ ဖြစ် လာ တာ ပေါ့” ဟု ဆို သည်။ ထို့အပြင် ၎င်းတို့ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ် မှုများ ကို မတွေ့ရ ကြောင်းနှင့် မီဒီယာများ လည်း အဆိုပါ နေရာ များသို့ ရောက်ရှိ သင့် သလောက် ရောက် ရှိ ကြောင်း ဦးစစ် မြိုင်က ရှင်းလင်း သည်။

“ခင် ဗျားတို့ လုပ်နိုင် သမျှ အရာ အား လုံးက ဆုတောင်း ဖို့ပါ ပဲဟု အဓိပ္ပါယ် ရသော” All You Can Do is Pray” ခေါင်းစဉ် တပ်ထားသည့် စာမျက်နှာ ၁၅၃ မျက်နှာပါ အစီ ရင်ခံစာ တစ်ခုကို HRWက ဧပြီလ၂၂ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်။

မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် အတွင်း ရှိ ရိုဟင်ဂျာ မူဆ လင်များ အား လူမျိုးရေး တိုက်ခိုက် မှုနှင့် လူသား မဆန် သော ရာဇ ဝတ် မှုများ ကျူးလွန် ခဲ့သည့် ဖြစ်ရပ် များ အတွက် မြန်မာ အာဏာပိုင် များနှင့် ဒေသ အာဏာပိုင် များအား HRW က စွပ်စွဲ ပြစ်တင် ခဲ့သည်။ အဆိုပါ ဖြစ်ရပ် များကြောင့် ၂၀၁၂  ဇွန်လ နောက်ပိုင်း တွင် ရိုဟင်ဂျာနှင့် အခြား အစ္စလမ် ဘာသာဝင် ၁၂၅၀၀၀ ဦး တို့ နေရပ် စွန့်ခွာ ပြောင်းရွှေ့ ခဲ့ကြရ သည်ဟု HRW က ၎င်း၏ အစီရင် ခံစာတွင် ဖေါ်ပြ သည်။

“မြန်မာ အာဏာ ပိုင်များ၊ လူမှု အသိုင်း အ၀ိုင်း ခေါင်းဆောင် များနဲ့ ဗုဒ္ဓ ဘာသာဝင် ရဟန်းများက ပြည် နယ် လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ ကျောထောက် နောက်ခံနဲ့  အစ္စလမ် ဘာသာ ၀င်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့၊ သူတို့ နေထိုင်ရာ ဒေသတွေက မောင်းထုတ်ဖို့ ၂၀၁၂ခုနှစ် အောက်တို ဘာလ အတွင်းမှာ ဗုဒ္ဓ ဘာသာ ဝင် ရခိုင် တွေ ကို စည်းရုံး အားပေး ခဲ့ကြပါတယ်” ဟု အစီ ရင်ခံ စာ၌ ပါရှိ သည်။

ယခုလို အကြပ် အတည်း တွေ့နေ သည့် အခြေ အနေမျိုးတွင် ပြော လာသော စကား လုံး များကို လက်ခံ ၍မ ရကြောင်း  လူ့ အခွင့် အရေး ပညာ ပေးဌာန မြန်မာ နိုင်ငံမှ ဦးအောင် မျိုးမင်းက မဇ္ဈိမကို ပြောသည်။

၎င်းက “ ဒီလိုမျိုး အခြေ အနေ တွေက ထိလွယ် ရှလွယ် အချိန်မှာ လူမျိုး သုဉ်းလို့ ပြောဖို့ ကတော့ သိပ်ပြီး လက်ခံ လို့ မရတဲ့ စကားပါ။ ကျွန်တော်တို့ ထပ်ပြီးလေ့လာရဦးမယ်။ သမိုင်းတွေ အများကြီး လေ့လာဖို့ လိုနေ သေး တယ် ” ဟုဆိုသည်။ ဦးအောင်မျိုးမင်းက “ လူမျိုးစု သန့်စင်ရေးဆိုတဲ့ စကားလုံးကို မြန်မာ နိုင်ငံမှာ တိတိ ကျကျ သုံးလို့ မရသေး ပါဘူး။ လူမျိုးစု သန့်စင်ရေးဆိုတာက အခြားလူမျိုးကို သတ်ဖြတ်တာ သူတို့ ရဲ့ လူမျိုးဆက် မပျံ့နှံ့အောင် သူတို့ရဲ့ အမူ အကျင့်စရိုက် တွေ တခြားနေရာကို မပါပဲ ပျောက် သွား အောင် အခြား ကို မပျံ့အောင် လုပ်တာပါ” ဟု ရှင်းပြသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း) မှ ကိုပြုံးချိုက လက်ရှိ အခြေ အနေ များမှာ အစိုးရ အဖွဲ့ အစည်း ဘက်မှလည်း ပြန်လည် ဖြေရှင်း ချက်များ ထွက်ပေါ် လာပြီ ဖြစ်ကြောင်း အပြန် အလှန် ရှင်းလင်း မှုများ ဖြစ်ပေါ် နေဦး မည်ဟု ထင် ကြောင်း မဇ္ဈိမသို့ ပြောသည်။

လူမျိုးစု သန့် စင်ရေး ဖြစ်လာရန် ဆိုသည် မှာလည်း အရင် ကဖြစ်ခဲ့သော နောက်ခံ သမိုင်းကြောင်း နောက်ခံ သမိုင်း အခြေအနေများ အများကြီးပါဝင်ကြောင်း မိမိတို့ဘက်မှ သေချာနိုင်နင်းရန် လိုအပ် ကြောင်း ဦးအောင် မျိုးမင်းက ဆိုသည်။

အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပဋိပက္ခများအပေါ်ပြောဆိုမိခဲ့ပါက လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် ထင်မြင်ခံ ရခြင်း များရှိပြီး ၊အဓိကမှာ လူမျိုးပြဿနာ မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှု အားနည်း နေသော ကြောင့် ဖြစ်သည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းဇေယျက မဇ္ဈိမကို ရှင်းပြ သည်။

“ကျနော်တို့ ၈၈ မျိုးဆက်တွေက နှစ်ပေါင်း များစွာ တိုက်ပွဲ ဝင် လာ ခဲ့တဲ့ လူတွေ ဖြစ်တဲ့ အတွက် လူ့ အခွင့် အရေး အပေါ်မှာ အလေးအနက် တန်ဖိုး ထားတဲ့ လူတွေပါ။ လိပ်ပြာသန့်သန့်နဲ့ ခံယူထားပြီးသားပါ။ Humam Right Watch ရဲ့ အစီရင် ခံစာမှာ ဖော်ပြခဲ့တဲ့ စကားလုံး အသုံးအနှုန်း တွေဟာ ကျနော်တို့ စိတ် မကောင်း ဖြစ် ရတယ်။ စကားလုံး တွေက ကျနော်တို့ နိုင်ငံကို စော်ကား နေတယ်လို့ ခံစား ရတယ်။ ကျနော်တို့ ကတော့ ကန့်ကွက်မှာပါ”လို့ ကိုမင်းဇေယျ ကပြောသည်။

HRW ၏ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြား ရေးမှုး ဖီးလ်ရော ဘတ်ဆန်က “မြန်မာ အစိုးရဟာ ရိုဟင် ဂျာတွေ အတွက် အကူ အညီ ပေးတာ တွေကို ငြင်းပယ်ခြင်း၊ သွားလာ လှုပ်ရှား မှုတွေကို ကန့်သတ်ခြင်း တို့ဖြင့် လူမျိုးရေး တိုက်ခိုက် ရှင်းလင်းမှု တွေမှာ ပါဝင်ပတ် သတ်နေ ပါတယ်” ဟု အစီရင် ခံစာတွင် ပြော သည်။

ရခိုင် ပြည်နယ် အတွင်း၌ လူ အ များ အပြား သေ ဆုံးမှု ၄ ခုနှင့် ပတ် သတ်သော အထောက် အထားများ ၎င်းတို့ ထံတွင် ရှိသည် ဟုလည်း HRW ၏ အစီရင် ခံစာတွင် ဖော်ပြသည်။

အဓိ ကရုဏ်း ဖြစ်ရပ် များ အတွင်း သေဆုံးသူ ၁၈၀ ရှိ ကြောင်း၊ သေဆုံး သူများ ထဲတွင် ရခိုင် ဗုဒ္ဓ ဘာသာ ဝင်များ လည်း ပါဝင်ကြောင်း နေပြည်တော်က ကြေညာခဲ့သည်။

ဖြစ်ပျက် ခဲ့သော ကိ စ္စ များမှာ ဘာသာရေး အရ ဖြစ်ပွား ခဲ့ခြင်း မဟုတ်ကြောင်း စကားလုံး သုံးနှုန်း ထားခြင်းနှင့် ပတ်သတ်၍ လက်မ ခံနိုင်ကြောင်း၊ ဘာသာရေး အရ ပဋိပက္ခ ဖြစ်ပွား ခဲ့ခြင်း မြန်မာ နိုင်ငံမှာ မရှိ ခဲ့ကြောင်း ရခိုင် ဒီမို ကရေစီ အဖွဲ့ ချုပ်မှ အတွင်း ရေးမှူး ဦးမျိုးကျော်က မဇ္ဈိမ ကို ပြောသည်။

ခိုင်ခိုင် 
ရန်ကုန်(မဇ္ဈိမ) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်