Wednesday, April 24, 2013

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် ပြောကြားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း

Posted by drmyochit Wednesday, April 24, 2013, under | No comments


International Crisis Group မှ ငြိမ်းချမ်းရေး ဆုချီးမြှင့် ပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်း စိန်၏ မိန့်ခွန်း ကို ဗီဒီယိုဖိုင်ဖြင့် ပြသခဲ့ သည်။ အဆိုပါ မိန့်ခွန်း အပြည့် အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ကြွရောက် လာကြသော ဂုဏ်သရေရှိ လူကြီး မင်းများ ခင်ဗျား-

ပထမဦးစွာ ကျွန်တော့် အနေနဲ့ ICG အဖွဲ့နဲ့ အတူ Madam Louise Arbour နဲ့ ဆုရွေး ချယ်ရေး ဘုတ် အဖွဲ့ ဝင်များကို ကျေးဇူး တင်ရှိကြောင်း ပြောကြား လိုပါတယ်။ မစ္စတာလူလာနဲ့ ဂုဏ်ပြု အမှာ စကား ပြောကြား ပေးတဲ့ မစ္စတာ ဂျော့ဆို ရော့စ် ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီကနေ့ ကျွန်တော်ဒီဆုကို လက်ခံ ရရှိတဲ့ အကြောင်းရင်းဟာ ကျွန်တော်နဲ့ မြန်မာပြည် သူတွေ အတူပူးပေါင်းပြီး ပိုမို လွတ်လပ် ပွင့်လင်း တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီကို လက်တွဲညီညီ ချီတက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

ဒီဆုဟာ ကျွန်တော် တစ်ယောက်တည်း အတွက် မဟုတ် ပါဘူး။ ဒီမို ကရေစီ အရေး ဝိုင်းဝန်း ကြိုးပမ်း ခဲ့ကြ တဲ့ မြန်မာ့လူ့ အဖွဲ့ အစည်း တစ်ခုလုံးရဲ့ကိုယ်စား ကျွန်တော့်အနေနဲ့ ဒီဆုကို လက်ခံရယူတာ ပဲ ဖြစ်ပါတယ်။ ကျွန် တော်နဲ့ ကျွန်တော့် အစိုးရအဖွဲ့ဟာ သက်တမ်းနှစ်နှစ် အတွင်း နိုင်ငံရေးအရ ဖြေလျှော့မှုများ၊ ပြည် တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုများနဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုတို့ အတွက် ပြုပြင်ပြောင်း လဲမှုများစွာကို ဖော် ဆောင် ပေးနိုင် ခဲ့ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုများစွာကို သမ္မတတစ်ယောက်အနေနဲ့ စွမ်းအား ရှိ သ လောက် ဆောင်ကြဉ်းခွင့်ရ တဲ့အ တွက်ရော၊ ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ်တိုင်တွေ့ကြုံ ပါဝင် ပတ်သက် ရတာ တွေရော ကျွန်တော့်အတွက်တော့ ကံကောင်းမှုတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီဆုကို ရရှိနိုင် ဖို့ အတွက် ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲ ပါဝင်တယ်ဆိုတာ နားလည်ပါတယ်။ တစ် ချိန် တည်း မှာပဲ ကျွန်တော်နဲ့အတူ လက်တွဲပါဝင်ခဲ့ကြတဲ့သူတွေ၊ အခုလက်ရှိအတူတကွ မျှဝေခံစားပြီး လက် တွဲ ချီတက် နေကြတဲ့သူတွေ၊ ဆက် လက် ပြီးတော့လည်း ဒီမိုကရေစီခရီးအတွက် လက်တွဲ ချီ တက်ကြ ဦးမယ့် သူတွေအားလုံးဟာ ဒီဆုနဲ့ သက်ဆိုင်ကြ သူများ ဖြစ်ပါ တယ် ဆိုတာကိုလည်း အသိပေး လိုပါ တယ်။ ကျွန်တော့် ပြည်သူပြည်သားများအပေါ်မှာ ကျွန်တော့် အနေနဲ့ထားရှိ နိုင်ခဲ့တဲ့ မြန်မာ နိုင်ငံတော် သစ်ကို ဆောင်ကြဉ်း နိုင်မယ်ဆိုတဲ့ ဒီယုံကြည်ချက်အတွက် ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှု အားလုံး ကို စကားလုံး အနေနဲ့ ဘယ်လိုမှ မဖော်ပြနိုင်ပါဘူး။

ကျွန်တော် တို့ အားလုံးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ကို ရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့ဖြစ်ချင်တဲ့ လူ့အဖွဲ့ အစည်းဖြစ်လာအောင် ကျွန်တော်တို့အားလုံး အစွမ်းကုန် ဆက်လက်ကြိုးစားကြရမယ်ဆိုတဲ့ အ ချက် ကိုလည်း ကျွန်တော့်အနေနဲ့ အစဉ်အမြဲ အမှတ်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေ အထား အရ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရရှိဖို့၊ တိုင်းရင်းသားလူမျိုးအားလုံးစုံလင်ပြီး လက်ရှိကြုံ တွေ့နေ ရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်ဖို့အတွက် အတိတ်ကကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကို အတူ တကွ ပြန်လည်ကုစားကြရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့မရနိုင်သလို ဒီမို ကရေ စီမရှိ ဘဲနဲ့လည်း ငြိမ်းချမ်းရေးမရနိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမို ကရေစီ မျှော်လင့်ချက် အသစ် တွေနဲ့ မြန်မာ နိုင်ငံကို လာရောက် လေ့လာ ကြဖို့ လည်း အား လုံးကို လှိုက်လှဲ ဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။ ဒီမိုကရေစီဆိုတာ မျှော်လင့်ချက်သက်သက်၊ အတွေး အခေါ် သက်သက်မဟုတ် တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အခြေခိုင်ဖို့အတွက် လိုအပ် တဲ့ အင်စတီ ကျူးရှင်းတွေ၊ ဒီမိုကရေစီ အလေ့ အကျင့်တွေ ကို စတင်တည်ဆောက်နေတာပဲ ဖြစ်ပါ တယ်။ ဒီမိုက ရေစီရဲ့ နှုန်းစံ တွေဖြစ်တဲ့ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးရင့်ကျက်မှု စတာတွေကို ပြုစုပျိုး ထောင် နေတာဖြစ်ပါတယ်။ ဒီမိုကရေစီကပေးအပ်ထားတဲ့ တစ်ဦးတစ်ယောက်ချင်း စီရဲ့ လွတ်လပ် မှုကို ကျင့်သုံး တဲ့နေရာမှာ တခြားသူ တစ်ယောက်ရဲ့အခွင့်အရေးကို မထိပါး မိစေဖို့၊ အနှောက် အယှက် မပြုမိစေ ဖို့ အတွက်လည်း မိမိတို့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အတိတ်က စိတ်ကူး ယဉ် သက်သက် သာဖြစ်ခဲ့ တဲ့ ကိစ္စရပ်တွေဟာ ဒီအချိန်မှာတော့ လက်တွေ့ကျကျ အ ကောင် အထည်ဖော်လို့ရနေပါပြီ။ အရာအားလုံး ဖြစ်နိုင်တယ် ဆိုတဲ့အချိန်တွေ ကို ရောက်ရှိ နေတဲ့အ ချိန်အ ခါ လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်တွေမှာ ဖြစ်နိုင်ခြေအားလုံးကို အနာဂတ်အတွက် အကျိုးရှိ စေမယ့် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

မိမိ တို့မြန်မာ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့၊ နိုင်ငံရေးရင့်ကျက်မှုရှိတဲ့၊ အပြန်အလှန် လေးစားတတ်တဲ့၊ အားလုံး ပါဝင်နိုင်တဲ့ ခေတ်မီလူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် ရောက်ရှိအောင် ကျွန်တော်တို့ အားလုံးစုပေါင်း ကြိုးစားကြ ရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရှိတာကို လည်း မိမိအနေနဲ့ သဘောပေါက်ထားတဲ့နည်းတူ ပြုပြင် ပြောင်း လဲ မှုတွေ ကို စေတနာ မှန်ကန် စွာ၊ စိတ်အား ထက် သန်စွာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားပေး ကူ ညီမယ့် မိတ်ဖက်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်း တွေ အများကြီး ရှိတဲ့ အတွက်လည်း များစွာအား တက်မိ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီပြုပြင် ပြောင်း လဲရေး ခရီး ရှည်ကြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက် လက် ရှိနေပေး ဖို့ လည်း မျှော်လင့် ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် ပြောကြားသော နိုင်ငံတော် သမ္မ တ ဦးသိန်း စိန်၏ မိန့်ခွန်း ဗွီဒီယို

International Crisis Group (ICG) မှ In Pursuit of Peace ဆုတံဆိပ် ချီးမြှင့်ပွဲ အခမ်း အနား ကို မြန်မာ စံတော်ချိန် ၂၃−၄−၂၀၁၃ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်မှာ အမေရိကန် နိုင်ငံ နယူး ယောက် မြို့တွင် ကျင်းပ ပြုလုပ် ခဲ့ရာ နိုင်ငံတော် သမ္မတက ဗီဒီယို မိန့်ခွန်း တစ်ရပ် ပြော ကြား ခဲ့သည်။ 
 Video From: မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်