Thursday, May 09, 2013

(၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို

Posted by drmyochit Thursday, May 09, 2013, under | No comments



မြောက်ဥက္ကလာ၊ မေ ၉။

မြောက် ဥက္ကလာပ မြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော အသက်(၇)နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖော် ထုတ် ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက တောင်း ဆို ပြောကြား လိုက်သည်။

“ကလေးက သူ့ကို ပြုကျင့်တဲ့ သူကိုကော နေရာကိုပါ လူကြီးတွေရှေ့မှာ ပြောပြပြီးပြီ။ တရားခံကို ဖမ်းထား ပေမယ့် ခုချိန်ထိ ဝန်မခံသေးဘူး။ ပြင်းပြင်း ထန်ထန် အရေးယူ ပေးစေ ချင်တယ်”ဟု ပြုကျင့် ခံရသူ ကလေး ငယ်၏ မိခင် ဒေါ်မြင့်အေးက ပြောကြားသည်။

ကလေး ငယ်၏ မိခင်ဖြစ်သူ၏ ပြောပြချက်အရ မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီခွဲခန့်တွင် သမီးဖြစ်သူက အိမ် သို့ ငို၍ ပြန်လာကြောင်း၊ မီးရထား လမ်းဘေးတွင် သွားရောက် ဆော့ ကစား နေစဉ် လူတစ်ဦးက အိမ် တစ် အိမ် သို့ ခေါ်သွားပြီး ပြုကျင့်ခဲ့ သည်ဟု ပြန်လည် ပြောဆိုကြောင်း၊ ကလေးငယ်၏ အောက်ပိုင်းတွင် သွေးများစွာ ထွက်နေသဖြင့် မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆို ပါ အမှုနှင့် ပတ်သတ်၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တရားခံဟု သံ သ ယ ရှိသူ ဦးအောင် မျိုးဦး(၃၅နှစ်)အား (ပ)၃၆၆/၁၃၊ ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်းဆီး အရေး ယူ ထားကြောင်း တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ အရေးယူ ထားခြင်းနှင့် ပတ်သက်၍ ကလေးငယ်၏ အဘိုးတော်စပ်သူ ဦးကြည်စိုးက “အရွယ် မရောက် သေးတဲ့ ကလေးလေးကို ပြုကျင့်တာကိုလည်း (၃၇၆)နဲ့ပဲ စွဲတယ်ဆိုတော့ ဒီထက် ပိုပြီး ပုဒ်မတပ် လို့ မရတော့ ဘူးလား သိချင်ပါတယ်။ နောက်နောင် ဒီလိုမျိုး မဖြစ်ပွားအောင် စံပြ အနေနဲ့ဖြစ်ဖြစ် ထိထိ ရောက် ရောက်လေး အရေးယူပေး စေလိုပါတယ်”ဟု ပြောကြားသည်။

တရား လွှတ်တော် ရှေ့နေဦးကိုနီ၏ ပြောကြားချက်အရ မည်သည့်အသက်အရွယ်ကိုမဆို အဓမ္မ ပြုကျင့် ပါက ပြစ်မှုပုဒ်မ(၃၇၆)ဖြင့်သာ အရေးယူနိုင်ကြောင်း၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အပေါ် ကျူး လွန်ခြင်း အတွက် သီးခြား ပုဒ်မ မရှိသော်လည်း ပုဒ်မ(၃၇၆)၏ အမြင့်ဆုံး ပြစ်ဒါဏ်ဖြစ်သော ထောင်ဒါဏ် (၁ဝ)နှစ် နှင့် ထောင်ဒါဏ်တစ်သက် တို့အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ထက်နောင်နောင်
From:  မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်