Thursday, May 09, 2013

မက္ကဆီကို၌ ဓာတ်ငွေ့ တင်ဆောင်လာသော ကားတစ်စီး ပေါက်ကွဲ အနည်းဆုံး ၂၀ ဦးသေဆုံး

Posted by drmyochit Thursday, May 09, 2013, under | No comments

မက္ကဆီကို နိုင်ငံ မက္ကဆီကို စီးတီးမြို့ အနီးတွင် မေ ၇ ရက် နံနက်ပိုင်းက ဓာတ်ငွေ့ တင်ဆောင်လာသော ကား တစ်စီး မတော်တဆ ပေါက်ကွဲခဲ့ရာ အနည်း ဆုံး၂၀ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် မက္ကဆီကို စီးတီးနှင့် ပါဝူ ကာ မြို့ကြားရှိ အဝေးပြေး လမ်းမပေါ်၌ ဒေသ စံတော် ချိန် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် အခင်း ဖြစ်ပွား သည့် နေ ရာနှင့် ကိုက် ၅၀ အကွာမှ အိမ်နံရံများ ပြိုကျ ခဲ့သည်ဟု AP သတင်း ဌာနက ဖော်ပြခဲ့သည်။

အခင်း ဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ ၀င်များ၊ အရေးပေါ် လူနာတင် ကားမောင်းသူများ၊ ဆေးတပ် အကူများ၊ အစိုးရ တပ်ဖွဲ့ဝင် များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ သည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်