Thursday, May 09, 2013

အကြောင်းအရာသုံးမျိုးနှင့် တစ်ကိုယ်တော်ဆန္ဒပြ ကျောက်တံတားရဲကထိန်းသိမ်း

Posted by drmyochit Thursday, May 09, 2013, under | No comments



ရန်ကုန်၊ မေ ၉။

ရန်ကုန်မြို့၊ မြို့တော်ခမ်းမ အနီးတွင် အကြောင်းအရာ သုံးခုအား တစ်ကိုယ်တော် ဆန္ဒ ထုတ် ဖော်သော ကုန် ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှ ကိုထင် ကျော်အား ကျောက်တံတား ရဲစခန်းမှ ထိန်သိမ်းလိုက်ကြောင်း သိရ သည်။

ဆန္ဒ ထုတ်ဖော် ရသော အကြောင်း အရင်းများမှာ မိကျောင်းကန် ပြန်လည် ရရှိရေးနှင့် ထို ဆန္ဒပြ မှုတွင် ဝင်သော ဆန္ဒပြသူ ဖမ်းဆီး ထားမှုအား အာမခံ မဲ့ဖြင့် လွတ် ပေးရန်၊ ၂၀၀၂မှ ၂၀၀၄ ခုနှစ်အတွင်း မရမ်း ကုန်း (၆)ရပ် ကွက်အား တိုင်းတရားသူကြီးမှ ခရိုနီတစ်ဦးအား ရောင်းစားသောကိစ္စအား ပြည်ထဲရေး ဝန်ကြီး ဌာနမှ ဖြေရှင်းပေးရန်၊ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိမ်းရဲအား ခေါ်၍ ပါးရိုက်သော ဗိုလ်ချုပ် မှူးကြီး ဟောင်း၏ မြေးဖြစ်သူအား အရေးယူပေးရန်စသည့် အချက်များကို တောင်းဆိုခဲ့ခြင်း ဖြစ် ကြောင်း ကိုထင် ကျော်က ပြောကြားသည်။

အဆိုပါ အချက် များအား တောင်းဆိုနေစဉ် ကျောက်တံတား ရဲစခန်းမှ  စစ်ဆေးလို၍ ခေါ်သွားခြင်း ဖြစ်ကြောင်း မြင်တွေ့ သူတစ်ဦးက ပြောကြားသည်။

ယင်းသည် ထိုသို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုဖြင့် ရန်ကုန်းတိုင်းအတွင်း ခြောက်မြို့နယ်တွင် ပုဒ်မ၁၈ ဖြင့် ၇မှု တရား စွဲ ခံထားရကြောင်းလည်း ဆက်လက် သိရသည်။ ၎င်းသည် ထိုကဲ့သို့ တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော် မှုအား ၂၀၁၂ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၃ခုနှစ်တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အောင်သိုက်
ဓာတ်ပုံ သီဟ
From: မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်