Thursday, May 09, 2013

ထိုင်းနိုင်ငံက မြန်မာကလေးငယ်တွေ နိုင်ငံကူးလက်မှတ်ရပြီ

Posted by drmyochit Thursday, May 09, 2013, under | No comments

ထိုင်းနိုင်ငံ တွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အသက် ၁၈ နှစ်အောက် ကလေး ငယ်တွေ အတွက် ဒီကနေ့ကနေစပြီး မြန်မာပတ်စပို့စ် ထုတ်ယူလို့ရပြီဖြစ်ကြောင်း ဘန်ကောက် မြို့ မြန်မာ သံရုံးရှိ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက RFA ကိုပြောပါတယ်။

ဒီအစီအစဉ်အရ မြန်မာကလေးတွေဟာ မှီခိုသူပတ်စပို့စ် ကိုင်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှာ ဖွင့်လှစ် ထားတဲ့ ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံး ၁၁ ရုံးမှာ ထိုင်းငွေ ၁၇၅ ဘတ် ပေးသွင်းကာ ထုတ် ယူနိုင်ကြ မှာဖြစ်ပြီး၊ ထိုင်းလဝကမှာ ဗီဇာသွားလျှောက်ရင်တော့ ဘတ်ငွေ ၅၀၀ ပေးပြီး သူတို့မိဘတွေရရှိထားတဲ့ ဗီဇာ ကာလ သတ်မှတ်ချက်အတိုင်း သက်တမ်း ၂ နှစ် ရရှိမှာဖြစ်တယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

“ဒီ ကလေးတွေ အတွက် ကျနော်တို့ဆီက soft wear တွေပေါ့နော်၊ soft wear ရယ် နောက်ကလေးတွေ အတွက် ထုတ်ပေး မယ့် စာအုပ်ကို ကျနော်တို့က အမျိုးအစားပြန်ခွဲတယ်၊ ဘာလို့လည်းဆိုတော့ ဒီအလုပ် သမားတွေ အတိုင်း တပုံစံတည်းထုတ်ပေးမယ်ဆိုလို့ရှိရင် ကလေးတွေနဲ့ အလုပ်သမားနဲ့ ခွဲလို့ မရတော့ ဘူးပေါ့နော် ၊ အဲဒီတော့ မှီခိုသူမှန်းကြည့်တာနဲ့ တန်းသိအောင် ဆိုပြီးတော့ ကျနော်တို့ဘက်ကနေပြီးတော့မှ ပတ်စပို့စ် စာအုပ် အပြာရောင် အပြာရောင်မှာမှ အဲဒီအောက်မှာမှ dependent လို့ဆိုပြီးတော့ ထည့်ထား တဲ့စာ သားလေး ပါ ပါတယ်ပေါ့နော်၊ ကျနော်မနက်ဖြန် စခန်း ၁၁ ခုလုံးကနေပြီးတော့မှ စပြီးတော့ ကလေးတွေ ကို ထုတ်ဖို့ ထုတ်လို့ရပါပြီဆိုတဲ့ဟာကို ကျနော်တို့ လှမ်းပြီးတော့ ပြောလိုက်မယ်ပေါ့နော်၊ ထိုင်းဘက်က လည်းပြော တာက အလုပ်သမားဝန်ကြီးဌာနဘက်က ပြောတာကတော့ လဝက ကိုပြောပြီးတော့ ဗီဇာတုံးတွေဘာတွထုပေးဖို့ သူတို့ပြောမယ်လို့ပြောတယ်၊ သူတို့က(ကလေးများ) work permit လုပ်စရာမလိုဘူး၊ ဆေးစစ်စရာမလိုဘူး၊ Bio data ကတော့ သူတို့သွင်းရမှာပေါ့နော်”

ဒီပတ်စပို့စ်ကြောင့် မြန်မာကလေးသူငယ်တွေဟာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံအစိုးရတွေထံက အခွင့် အရေးတွေ ရရှိမှာ ဖြစ်တယ် လို့လည်း ဦးနိုင်ထွန်းက ပြောပါတယ်။

“ထိုင်းဘက်မှာ ကျောင်းတက်မယ်ဆိုလို့ရှိရင်လည်း သူကတရားဝင် ဗီဇာ ရထားတဲ့ အတွက် ကျောင်း တက် ခွင့်တွေ ဘာတွေ ရမယ်၊ တရားဝင်အသိအမှတ်ပြုခွင့်ရမယ်၊ နောက်ကျနော်တို့ ဒီပညာရေးပိုင်းနဲ့ ပတ် သက်ပြီးတော့ မြန် မာပြည်မှာ အခုကျနော်တို့ ဒီဘက်က မူလနိထိ(NGOs များ) Foundation တွေပေါ့နော်၊ foundation ဖွင့်ထားတဲ့ ကျောင်းလေးတွေရှိတယ်၊ ဥပမာ သူငယ်တန်း ကနေ လေးတန်း အထိ၊ လေးတန်း ကနေ ရှစ်တန်း အထိ အဲဒါမျိုးပေါ့နော်၊ အဲဒီကလေးတွေကိုလည်း ကျနော် တို့ မြန်မာပြည် အစိုးရ ကနေပြီးတော့ မှ ဒီ text books တွေ၊ note books တွေ ထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းလည်း ကျနော် ရထား တယ်၊ ဒီကလေးတွေကို တရားဝင် ဥပမာ ဒီထိုင်းနိုင်ငံမှာ တတိယတန်းရှိမယ် မြန်မာပြည်ကလည်း တရားဝင် တတိယ တန်းအောင် တယ်ဆိုတဲ့ အသိအမှတ်ပြုဖို့ပေါ့နော်၊ အဲဒါလည်း မြန်မာပြည် ပညာရေးဌာနကလည်း ခွင့်ပြုမယ် ဆိုတဲ့ အကြမ်းဖျင်းဆွေးနွေးထားတာရှိတယ်၊ အဲဒီတော့ သူတို့ကထိုင်းဘက်ကိုလည်း တက်လို့ရ မယ်၊ မြန်မာပြည်အစိုးရက တရားဝင်ခွင့်ပြုတဲ့ အတန်းပညာလည်းရမယ် အဲဒီလိုမျိုးအခွင့်အရေးတွေ ရလာ မှာပေါ့”

ယခု ၂၀၁၃ နှစ်အတွင်း ယာယီပတ်စပို့စ် ထုတ်ပေးရေးအတွက် လျှောက်လွှာတင်ထားသူ အလုပ်သမား ၃ သိန်း ရှိပြီး သူတို့ရဲ့ရင်သွေး ကလေးငယ်တွေအရေအတွက်က ၃၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်၊

ထိုင်းနိုင်ငံမှာ အခုမြန်မာအလုပ်သမား တစ်သန်းခွဲခန့် တရားဝင် အလုပ် လုပ်ကိုင်နေ တယ်လို့လည်း သိရပါ တယ်။

RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်