Thursday, May 09, 2013

သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းဟောင်းကို နင်းမိ၍ ကော့ကရိတ်မြို့ အရှေ့ဘက် ၂ မိုင်ခန့် အကွာတွင် အရပ်သား တစ်ဦးသေဆုံး

Posted by drmyochit Thursday, May 09, 2013, under | No comments

 နေပြည်တော် မေ ၈

၂၀၁၃ ခုနှစ် မေလ ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် ခန့်တွင် ကော့ကရိတ်မြို့၊ ပိတောက်လမ်း၊ အမှတ် (၇) ရက် ကွက်နေ ကျော်ဟိန်း(ခေါ်)မက်ကင် ၄၅ နှစ် (ဘ) ဦးဝါရမန်စသည် နေအိမ်မှ ထင်းခုတ်ရန်

ထွက်ခွာ သွားရာမှ ကော့ကရိတ်မြို့ အရှေ့ဘက် ၂မိုင်ခန့်အကွာ ကော့ကရိတ်- မြ၀တီကားလမ်း အရှေ့ ဘက်ခြမ်း ရေနံဆီ ကုန်းအနီးတွင် အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်း အဟောင်း တစ်လုံးနင်းမိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။

အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများမှ ကယ်ဆယ်ရေး၊ အကူအညီပေးရေးလုပ်ဆောင်ရန် သွားရောက်ခဲ့ရာ အဆိုပါ မိုင်းစထိမှန်သူမှာ သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် ကော့ကရိတ်ပြည်သူ့ဆေး ရုံ သို့ ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် နယ်မြေတစ်ဝိုက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်