မန္တလေး၊ မေ ၉
ရွှေ လီမြစ်ဝှမ်းဒေ သ၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာမှာ ဒီနေ့မနက်(၄)နာရီအချိန်ကစပြီး ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA (၇၀၁)စစ်ဒေသနဲ့ အစိုးရတပ်တို့ တိုက် ပွဲပြင်း ထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။
ရွှေ လီမြစ်ဝှမ်းဒေ သ၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာမှာ ဒီနေ့မနက်(၄)နာရီအချိန်ကစပြီး ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA (၇၀၁)စစ်ဒေသနဲ့ အစိုးရတပ်တို့ တိုက် ပွဲပြင်း ထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။
''အခုထိ ပစ်နေတုန်းပဲ၊ သေနတ်သံတွေကြားနေရတယ်။ နမ့်ခမ်းမြို့တော့ တိတ်ဆိတ်နေပြီ။ နောင်မ ရွာ ဘက် မှာလည်း ပစ်နေတယ်'' လို့ မြို့ခံတစ်ဦးက မနက် ၁၀ နာရီအချိန်မှာ မြန်မာဓိကကို ပြောပါတယ်။
နမ့်ခမ်း မြို့ အခြေစိုက် စကခ ၁၆ မှူးက တိုက်ရိုက်ကွပ်ကဲပြီး RCSS/SSA (၇၀၁)စစ်ဒေသကို အရပ်(၆) မျက်နှာ က ၀င်လာတယ်။ တပ်အင်အား (၄၀၀)ကျော်ဟာ မနက်(၄)နာရီက ရွှေလီမြစ်ကိုလှေ တွေနဲ့ကူးပြီး စထိုးစစ်ဆင်တယ်။ တာဟေးမန့်ဟောင်း(ရွှေလီမြစ်ကူးဆိပ်)ကလည်း လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ကူနေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းမှာဖော်ပြထားပါတယ်။
တိုက်ပွဲကြောင့် နမ့်ခမ်းတစ်ဖက်ကမ်း နောင်မကျေးရွာအုပ်စုဝင် ၀မ်တာဟေး၊ ဟိုဆိုင်း၊ ၀ပ်ကွန် တောင်းစ တဲ့ မြန်မာရှမ်းရွာတွေက ဒေသခံ ၈၀၀ ကျော် တရုတ်ပြည် နောင်တောင်းရွာကိုထွက်ပြေး တိမ်း ရှောင်ကြ ရတယ်။ နယ်စပ်ကတရုတ်ပိုင် ရှမ်းရွာတွေက လူထုလည်း ကျည်လွတ်ရာ တိမ်းရှောင် နေရ တယ်။ ဒေသခံ တချို့ကတော့ နမ့်ခမ်းမြို့ထဲထွက်ပြေးလာတယ်လို့ သိရပါတယ်။
''ကျောင်း ထဲကို ရွာတွေဖက်က ကြောက်လို့ထွက်ပြေးလာသူတွေရောက်လာတယ်။ သေနတ် သံ တွေ ကြားနေ ရတုန်းပဲ''လို့ နမ့်ခမ်းမြို့ဇေယျသုခကျောင်းဆရာတော်က မြန်မာဓိကကို တယ်လီဖုန်း ကနေ မိန့်ပါ တယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးသူတွေရှိနေပြီး မြန်မာ့တပ်မတော်က ဒဏ်ရာရှိသူ (၆)ဦး နမ့်ခမ်းဆေး ရုံကို ရောက်ရှိနေတယ်။ အစိုးရတပ်မတော်ကို ပန်ဆေးပြည်သူ့စစ်နဲ့ ဦးလောဆမ်ရဲ့ နမ့်ခမ်းမြို့ မ ပြည်သူ့စစ်တို့က အကူအညီပေးနေတယ်လို့လည်း ဒေသခံများက ပြောဆိုပါတယ်။
တရုတ် က လည်း နယ်စပ်တလျှောက် သူ့တပ်အင်အားကို ဖြန့်ချထားတယ်။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်း ကို ဒေသခံတွေ အနေနဲ့ အတိအကျမသိကြသေးဘူးလို့ သတင်းရရှိပါတယ်။
From: မြန်မာဓိက
Time in Rangoon


0 comments:
Post a Comment