Thursday, May 09, 2013

ပြည်မြို့ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးအားဖြုတ်ချပေးရန်ဆန္ဒပြ

Posted by drmyochit Thursday, May 09, 2013, under | No comments

(၇-၅-၂၀၁၃)ရက် နံနက် (၉)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ဆင်စုရပ် ကွက် သင်္ဘော ဆိပ် လမ်းနှင့် လှိုင် ဂတ် လမ်းထောင့်ရှိ ဦး စိန် ၀င်း (၅၈)နှစ် (ဘ)ဦးထွန်းရွှေ၊ ဆိုက္ကား ဘေးတွဲ လုပ် ငန်း လုပ်ကိုင်သူ (ယခင် ဆင်စု ရပ်ကွက် ဥက္ကဋ္ဌ ဟောင်း)၏ နေအိမ်ရှေ့လမ်းမ ပေါ်တွင် ဦးစိန် ၀င်း ဦးဆောင်၍ ဦးဌေး ၀င်းအောင်၊ အမှတ် (၅၁၃)၊ လှိုင်ဂတ်လမ်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့၊ ဦး စံအေး၊ မိုးလေ၀သ ကုန်း၊ ဆင်စုရပ် ကွက်၊ ပြည်မြို့၊ မ၀င်းဝင်းဌေး၊ အမှတ်(၅၁၂)၊ လှိုင်ဂတ်လမ်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့နှင့် မဇင်မာဝင်း၊ အမှတ် (၅၁၃)၊ လှိုင်ဂတ်လမ်း၊ ဆင်စု ရပ်ကွက် ပြည်မြို့နေသူတို့ (၄) ဦးမှ အလျား(၂)ပေခွဲ၊ အနံ(၂) ပေခန့်ရှိ အဖြူရောင် ကတ်ထူ စက္ကူပေါ်တွင် ဆော့ပင်အနီရောင် လက်ရေးစာလုံးဖြင့် ““(ပ)၃၃၂၆/ ၉၆ ပုဒ်မ ၄၉၇ မယား ခိုးမှု ထောင်ကျ အလိုမရှိ-အလိုမရှိ၊ ဆင်စု ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်စိုး အလိုမရှိ-အလိုမရှိ (ပ) ၂၈၃/၂၀၀၈ ပုဒ်မ၊ ၁၅(က)၊ ၁၆ (က)လောင်းကစားသမားထောင် ထွက်မြင့်စိုးအလိုမရှိ-အလိုမ ရှိ၊ လောင်း ကစား သမား ထောင် ထွက်မြင့် စိုးဖြုတ်ချပေး-ဖြုတ်ချ ပေး””စသည့်ဆိုင်းဘုတ် (၄)ခုကို ကိုင်ဆောင်လျက် လက်ရှိ ဆင်စု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး အား ဖယ်ရှားပေးရေးအတွက် ဆန္ဒဖော်ထုတ်ရန် စီ စဉ်ဆောင် ရွက်ခဲ့ သည်ဟု သိရသည်။

နံနက် (၉)နာရီ (၀၂)မိနစ် အချိန်ခန့်၌ ဆင်စုရပ်ကွက်၊ သင်္ဘောဆိပ်လမ်းနှင့် လှိုင်ဂတ် လမ်းဆုံ သို့ ပြည် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်ထက်နှင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့် ဦးတို့ ဦးစီး အဖွဲ့ရောက်ရှိ လာပြီး ဦးစိန်ဝင်းဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးတို့ ဦးစီးအဖွဲ့ရောက်ရှိ လာပြီး ဦးစိန်ဝင်းဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ၍ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမြင့်ဦးမှ ““ဆင်စုရပ် ကွက်အုပ် ချုပ်ရေးမှူး ဦးမြင့်စိုး အား ရာထူးမှ ဖယ်ရှားပေးရေး အတွက် ဆန္ဒဖော်ထုတ်ခွင့် တင် ပြထားရှိမှု အပေါ် မေလ (၂) ရက်တွင် ငြင်းပယ်မိန့်ပေးထား ကြောင်း၊ ဦးစိန်ဝင်းမှလည်း မေလ (၆)ရက်တွင် ပဲခူး တိုင်းဒေ သကြီး တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံဝင် ထားသည်ကို သိရှိရကြောင်း၊ ခွင့် ပြုမိန့်မရှိဘဲ အယူခံ ၀င်ဆဲ ကာလ အတွင်း ဆန္ဒဖော်ထုတ် ပါက ဥပဒေနှင့် မညီညွ တ်ကြောင်း၊ အယူ ခံပြန်ကြားချက် ရရှိမှသာ ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုဆန္ဒဖော်ထုတ်မည့် အစီအစဉ် အား ယ ခုနေရာ တွင် ရပ်ဆိုင်းရန် နှင့် ဥပဒေနှင့်မညီ၍ တားမြစ်ပါ ကြောင်း””သတိပေးပြောကြားခဲ့ သည်ဟု သိရ သည်။

ဆက်လက်၍ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက် မှ ““ဦးမြင့်စိုးအား ရပ်ကွက်အုပ် ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခဲ့သည့် ကိစ္စမှာ အများပြည်သူ ဆန္ဒမဲ အများဆုံးရရှိ၍လည်းကောင်း၊ ၎င်း၏ ယခင်ပြစ် ချက်ဟောင်း များအား ဖော်ပြပြီး အထက်ဌာန အဆင့်ဆင့်သို့တင်ပြကာ အထက် ဌာနအဆင့်ဆင့်၏ ခွင့်ပြု ချက်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးမြင့် စိုးအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်ထားသည့်ကိစ္စ ခွင့်ပြုမိန့်နှင့် အထက် ဌာနသို့ တင်ပြချက်များ အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တွင် လာရောက်ကြည့်ရှုနိုင် ကြောင်း၊ ယခု ဆန္ဒဖော်ထုတ် သည့် ကိစ္စကိုလည်း အထက်ဌာနများ သို့ တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း””ရှင်း လင်းပြော ကြားခဲ့ သည်။

ဦးစိန် ၀င်းနှင့် အဖွဲ့မှ ယခု ကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ရှင်းလင်း ပြောကြား သည်ကို ကျေနပ် ပါ ကြောင်း၊ ၎င်းတို့အနေဖြင့် ဆက် လက် ဆန္ဒဖော်ထုတ်ခြင်း မပြုတော့ ဘဲ နံနက်(၉)နာရီ (၁၀) မိနစ် အချိန်တွင် ၎င်းတို့၏ နေအိမ် အသီးသီးသို့ ပြန်လည်ဝ င်ရောက် သွားခဲ့ပြီး အလားတူ အနီးသို့ လာရောက်ကြည့် ရှုနေသော လူ (၂၀)ဦးခန့်မှာလည်း မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်လည် ထွက်ခွာ သွားကြ သည်ဟု သတင်း ရရှိသည်။


မိုးမခ(ပြည်)
From: The Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်