Thursday, May 09, 2013

ဂျာကာတာ မြန်မာသံရုံး ဗုံးခွဲရန်ကြံသူများနှင့် ရဲတပ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်

Posted by drmyochit Thursday, May 09, 2013, under | No comments

ရန်ကုန်၊ မေ ၈

အင်ဒို နီးရှားနိုင်ငံ ဂျာကာ တာမြို့ရှိ မြန်မာ သံရုံးကို ဗုံးဖောက် ခွဲရန် ကြံစည်သူ များဟု ယူဆ ရသူ လေး ဦးနှင့် အင်ဒို နီးရှား အကြမ်းဖက်နှိမ်နင်းရေး ရဲ တပ် ဖွဲ့ တို့အကြား မေလ၈ရက်နေ့တွင် အပြန်အလှန် တိုက် ခိုက် မှု များဖြစ် ပွားခဲ့ကြောင်း စင်ကာပူ အခြေ စိုက် CNN သတင်းဌာနတွင် ဖော်ပြထားသည်။

အနောက် ဂျာဗားကျွန်း ဘန်ဒေါင်မြို့ တွင် ဒေသ စံတော် ချိန် နံနက် ၁၁ ခွဲတွင် ယင်းပစ်ခတ်မှု စတင်ဖြစ် ပွားခဲ့ပြီး အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ Boy Rafli Amar ကဆို သည်။

ယင်း တိုက်ခိုက် မှုမှာ ယခင် သီတင်းပတ် တွင် မြန်မာ သံရုံးကို အကြမ်း ဖက်ရန် ကြံစည် သူများအား အင်ဒို နီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီး နောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ယင်း သတင်း ဌာနတွင် ဖော်ပြ ထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ရှိသော မြန်မာသံရုံးကို မေလ ၂ ရက်နေ့က အကြမ်း ဖက်သ မား နှစ် ဦးက လက်လုပ်ဗုံးများဖြင့် ဖြိုခွင်းရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် အင်ဒိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ကြံ စည် မှုတွင် ပါဝင်သည်ဟု ယူဆရသူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်းထား သော်လည်း မေလ ၆ ရက်နေ့တွင် ယင်း ငါးဦး ကို အမှုအတွက် သက်သေများအဖြစ်သာ ယူဆ၍ နိုင်ငံတော်အကြမ်းဖက် တုံ့ပြန်ရေး အ ဖွဲ့ က ပြန် လွှတ်ပေး လိုက်ကြောင်း ထုတ်ပြန် ကြေညာသည်။

From: The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်