Monday, September 23, 2013

ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ

Posted by drmyochit Monday, September 23, 2013, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၂၃

၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေး များရောင်း ချနေကြောင်း သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက် ဗန်းအ တွင်း ကာမစိတ်ကြွဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊ MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊ STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့် များနှင့်ဆေး ပစ္စည်း များရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်