Monday, September 23, 2013

ဆီးရီးယားရှိ ရုရှားသံရုံးထဲ မော်တာကျည် ကျရောက်

Posted by drmyochit Monday, September 23, 2013, under | No comments

တနင်္ဂနွေနေ့က ဆီးရီးယား အစိုးရ အနေဖြင့် ဓာတုလက်နက်ဆိုင်ရာ အချက်အလက်များကို ရုရှားထံ လွှဲပေးရန် သဘောတူညီခဲ့သည့်နောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်


ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက်မြို့တော်ရှိ ရုရှားသံရုံးကို မော်တာဖြင့် အပစ်ခံရခြင်းကြောင့် သံရုံးဝန်ထမ်း (၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က ဆီးရီးယား အစိုးရ အနေဖြင့် ဓာတုလက်နက် ဆိုင်ရာ အချက်အလက်များကို ရုရှားထံ လွှဲပေးရန် သဘောတူညီခဲ့သည့်နောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဆီးရီးယား သူပုန်တပ်များထံမှ ပစ်ခတ်သည်ဟု ယူဆရသည့် မော်တာ ကျည် တစ်တောင့်သည် ဘရာဇားရှိ ရုရှားသံရုံးထဲ ကျရောက် ပေါက်ကွဲခဲ့သည်။ ဘရာဇားနှင့် အနီးတဝိုက် တွင် ဆီးရီးယား အစိုးရတပ်များနှင့် သူပုန်တပ်ဖွဲ့များကြား အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက် ရှိနေ သည်။


"မော်တာကျည်ဆန်ကြောင့် သံအမှုထမ်း (၃)ယောက် ဒဏ်ရာရခဲ့ပါတယ်။ သူတို့ကို ဆေးဝါး ကုသပေးခဲ့ ရပေမယ့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်တော့ မဖြစ်ခဲ့ပါဘူး"ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ရုရှားအနေဖြင့် ဆီးရီးယားရှိ သံတမန် လှုပ်ရှားမှုများကို လုံခြုံရေး ပိုမို မြှင့်တင်နိုင်ဖွယ် ရှိနေကြောင်းလည်း သံရုံး၏ ဖော်ပြချက်တွင် ပါရှိသည်။ ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်သည် ရုရှား၏ အဓိက မဟာမိတ် တစ်ဦးအဖြစ် ရပ်တည်နေခဲ့ခြင်းကြောင့် အတိုက်အခံ သူပုန်တပ်ဖွဲ့များက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ယင်းတိုက်ခိုက်မှု မတိုင်မီ နာရီပိုင်းမျှ အလိုတွင် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလော့ဗ်ရော့ဗ်က မိမိတို့ အနေဖြင့် ဆီးရီးယားရှိ ဓာတုလက်နက်များ ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ စေလွှတ်သွားရန် အသင့်ရှိနေကြောင်းလည်း ပြောကြားခဲ့သေးကြောင်း သိရှိရသည်။


From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်