Monday, September 23, 2013

အဆိုးဝါးဆုံးမုန်တိုင်းဘေးမှ ဟောင်ကောင်ကျွန်း လွတ်မြောက်ခဲ့ရပါတယ်

Posted by drmyochit Monday, September 23, 2013, under | No comments


ယမန်နေ့ညက တရုတ်နိုင်ငံ၊ ဟောင်ကောင်ကျွန်းဆီသို့ဦးတည်ရွေ့လျှားခဲ့တဲ့ တိုင်ဖွန်းUsagi ကြောင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် အနည်းဆုံးလူ(၃)ဦးသေဆုံး ခဲ့ရပြီး အနီးနားရှိ ဟောင်ကောင်ကျွန်း ကတော့ အဆိုးဝါးဆုံးမုန်တိုင်အန္တရာယ်ဘေးမှ လွတ်ကင်းသွားခဲ့ရပါတယ်။ သေဆုံးသူ(၃)ဦးမှာ Guangdong ပြည်နယ်မှဖြစ်ကြပြီး၊ (၂)ဦးမှာ သစ်ပင်များလဲပြိုရာမှထိခိုက်မိပြီး သေဆုံးရခြင်းဖြစ်ကာ ကျန်(၁)ဦးမှာတော့ မှန်ကွဲများထိရှမှုကြောင့် သေဆုံးရခြင်းဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် (၁၉း၄၀) နာရီအချိန်မှာ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေ ကို ဖြတ်ကျော် ၀င်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့် ဟောင်ကောင်ကျွန်းတွင် အပျက် အစီးများ နေရာအနှံ့ တွင် ဖြစ်ပေါ်ခဲ့ပြီး အချို့ဒေသများတွင်လည်းရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဟောင်ကောင်ကျွန်းအတွက် ကံကောင်းသွားစေသောအချက်မှာ မုန်တိုင်းဟာ ကမ်းခြေကိုမဖြတ်မီ (၁)နာရီ ခန့်အလိုတွင်(ဒေသစံတော်ချိန်၁၉း၀၀ နာရီမတိုင်မီ) မှာ Super Typhoon အဆင့်မှ Typhoon အဆင့်ကို အားလျော့ သွားစေ ခဲ့တဲ့အပြင်၊ သွားရာလမ်းကြောင်းမှာလည်း ဟောင်ကောင်ကျွန်းမှ ဝေးရာဖက်ကို ပြောင်း လဲရွေ့လျှားသွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။

သေကြာနေ့ကလည်း ထိုင်ဝမ်ကျွန်းနဲ့ဖိလစ်ပိုင်နိုင်ငံတို့ ကြားမှ ဖြတ်ကျော်စဉ် တိုင်ဖွန်းမုန်တိုင်း USAGIကြောင့် ဖိ လစ်ပိုင်နိုင်ငံ လူဇုံကျွန်းမှာ လူ(၂)ဦး အသက် ဆုံးရှုံးခဲ့ရပါသေးတယ်။

ဂျပန်ဘာသာအအားဖြင့် ယုန် လို့အဓိပ္ပါယ်ရှိတဲ့ USAGI မုန်တိုင်းဟာ ကမ်းကို ၀င်ရောက်စဉ် လေ တိုက်နှုန်း 165 km/h (103 mph) ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ လူဦးရေထူထပ်တဲ့ Pearl မြစ်ရဲ့ မြစ်ဝ ကျွန်းပေါ်ဒေ သအနီးမှ ဖြတ်ကျော် ၀င်ရောက် ခဲ့တာဖြစ်ပါတယ်။

ကဲ ကမ်းကိုဖြတ်ပြီးတဲ့နောက်ပိုင်းဇာတ်လမ်းကတော့ သာဂိတိုနဲ့ လာပတ်သက်မှုရှိမရှိ ဆိုင် မဆိုင် ဆိုတာ ကိုတော့ ဆက်လက်ရှုစားကြရဦးမှာဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်

Typhoon USAGI Update
23-9-2013
6:31 am
Tun Lwin

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်