Monday, September 23, 2013

ကင်ညာရှော့ပင်း အကြမ်းဖက်မှု လူ ၆၉ သေ၊ ၁၇၀ လောက်ဒဏ်ရာရ

Posted by drmyochit Monday, September 23, 2013, under | No comments

ရှော့ပင်းစင်တာအတွင်း ပုန်းအောင်းနေကြတဲ့ မိသားစုတစ်စု (Credit: AFP)

အရှေ့အာဖရိကရှိ ကင်ညာနိုင်ငံရဲ့မြို့တော် Nairobi မြို့ ရှော့ပင်းစင်တာတစ်ခုမှာ စနေနေ့တုန်းက စစ်သွေးကြွအဖွဲ့ ဝင်စီးခဲ့ရာက လူ ၆၈ ယောက်သေဆုံးပြီး ၁၇၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Nairobi မြို့က Westgate ရှော့ပင်းမောလ်ကို Al Shabab အစ္စလာမ်မိ စစ်သွေးကြွအဖွဲ့က ဝင်စီးခဲ့တာဖြစ်ပြီး ဓားစာခံတချို့ကို ဖမ်းဆီးထားပြီး အဲဒီနေရာကို ဝင်စီးနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေက ဈေးဆိုင်ထဲကို လက်ပစ်ဗုံးတွေ ပစ်ပေါက်ခဲ့သလို အမျိုးသမီးတစ်ဦးဟာလည်း စက်သေနတ် ၂လက်ကို ကိုင်ပြီး ပစ်ခတ်နေတာကို တွေ့ခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

သေဆုံးသူ ၆၈ ယောက်ထဲမှာ ကင်ညာနိုင်ငံ သမ္မတရဲ့ တူတော်သူတစ်ဦးနဲ့ သူ့နဲ့ စေ့စပ်ထားသူ အမျိုးသမီးတို့ ပါဝင်ပါတယ်။

အဲ့ဒါ့အပြင် သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံသားကို ခံယူထားသူ တစ်ဦးလည်း သေဆုံးသွားကြောင်း သြစတြေးလျနိုင်ငံခြားရေးရာ ဌာနက အတည်ပြုခဲ့ပေမယ့် သေဆုံးသူရဲ့ နာမည်ကိုပြောဖို့တော့ ငြင်းဆိုထားပါတယ်။

လူပေါင်း တစ်ထောင်ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီအကြမ်းဖက်အဖွဲ့နဲ့ ကင်ညာအစိုးရတို့ကြား ပြေလည်မှုမရသေးပဲ အခြေအနေတင်းမာနေဆဲဖြစ်ကြောင်း သိရပါတယ်။

Al Shabab အကြမ်းဖက်အဖွဲ့တွေက ကင်ညာနိုင်ငံနဲ့ ဆိုမာလီးယားနိုင်ငံမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ကင်ညာအစိုးရက ဖြိုခွင်းတိုက်ခိုက်နေတာကို တုန့်ပြန်တဲ့အနေနဲ့ ခုလို ရှော့ပင်းစင်တာကို ဝင်စီးရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်