Monday, September 23, 2013

အရိုးကင်ဆာဝေဒနာရှင် ကလေးငယ် မောင်နန်းထိုက်လေးအတွက် နန်းခင်ဇေယျာ ရဲ့ ၀မ်းနည်းစကား

Posted by drmyochit Monday, September 23, 2013, under | No comments

ပရိသတ်ကြီးကို နန်းခင် ဝမ်းနည်းစရာကောင်းတဲ့ သတင်းလေးတစ်ခုပြောပြပါရစေ။

နန်းခင်နှင့်တကွ နန်းခင်ရဲ့ ပရိသတ်များမှဆေးဝါးကုသမှုအတွက် ကူညီထောက်ပံ့ပေးထားသော အရိုးကင်ဆာဝေဒနာရှင် ကလေးငယ် မောင်နန်းထိုက် (အသက် ၉ နှစ်) သည် ယနေ့ (၂၂.၉.၂၀၁၃)ညမှာမမျှော်လင့်ပဲလူ့လောကထဲကနေရုတ်တရက်ထွက်ခွာသွားခဲ့ပါပြီ။ ဒီ့အတွက် မောင်နန်းထိုက်ရဲ့ မိဘတွေနဲ့ထပ်တူ နန်းခင်လည်း အထူးဝမ်းနည်းရပါတယ်။

မောင်နန်းထိုက်လေးက သူနေကောင်းရင် နန်းခင်အိမ်ကိုလိုက်လည်ပြီး အတူတူကစားမယ်လို့ပြောဖူးပါတယ်။ နန်းခင်ကိုလည်း သံယောဇဉ်ရှိရှာတဲ့ ကလေးလေးပါ။ သူ့ရဲ့ဆန္ဒလေးမပြည့်ရှာတဲ့အတွက် နန်းခင် ပိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။

ဒါကြောင့် သူလေးရဲ့နောက်ဆုံးခရီးကိုပို့ဖို့ရန်အတွက် နန်းခင် အလုပ်တွေ မအားလပ်တဲ့ကြားက သွားဖြစ်အောင်သွားနိုင်ဖို့ ကြိုးစားနေပါ တယ်။ မောင်နန်းထိုက်ရဲ့ ဈာပနအတွက်ကုန်ကျစရိတ်ကိုလည်း ကူညီထောက်ပံ့ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ " မောင်နန်းထိုက်လေးရေ ကလေးရဲ့နောက်ဆုံးခရီးကို လိုက်ပို့နိုင်ဖို့အတွက် မမနန်းခင် ကုန်းတစ်တန် ရေတစ်တန်လာရမယ်ဆိုရင်လည်း မရောက် ရောက်အောင် လာခဲ့ဖို့ကြိုးစားနေပါတယ်ကွယ်...။"

မောင်နန်းထိုက်အတွက်ဆေးဝါးကုသမှုစရိတ်ကို နန်းခင်နဲ့အတူ လှူဒါန်းပေးကြပါသော စေတနာရှင်အလှူရှင် ပရိသတ်များကိုလည်း နန်းခင် ကျေးဇူးအထူးတင်ပါတယ်။

မောင်နန်းထိုက်လေးထံ အလှူငွေပေးအပ်စဉ်က အတူတူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးကိုအမှတ်တရအဖြစ် ကြေကွဲဝမ်းနည်းစွာဖြင့် ဖော်ပြပေးလိုက်ပါတယ်။

"မောင်နန်းထိုက် ကောင်းရာမွန်ရာရောက်ရှိပါစေ"လို့ ဆုတောင်းပေးရင်း .....

ဝမ်းနည်းစွာဖြင့်
နန်းခင်ဇေယျာ
Popular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်