Monday, September 23, 2013

မွတ်စလင် အိမ်ယာစီမံကိန်း ဆန္ဒပြသူနှစ်ဦး ထောင်သုံးလကျ

Posted by drmyochit Monday, September 23, 2013, under | No comments

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအတွက် ဆောက်လုပ်ပေးတဲ့ အိမ်ရာစီမံကိန်းကို ဆန္ဒပြခဲ့တဲ့ ရသေ့တောင်မြို့ ခံ ၂ ဦးကို ဒီနေ့ ရသေ့တောင်မြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့် လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ရသေ့တောင်မြို့မှာ အိမ်ရာစီမံကိန်းကို ဆန္ဒဖော် ထုတ်ခဲ့သူတွေထဲက ကိုကျော်မိုးထွန်းနဲ့ ကိုသန်းဌေးတို့ကို မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့လိုက် တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဒီနှစ် မတ်လ ၇ ရက်နေ့က ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် အစီအစဉ်တွေကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ တောင်ကုတ်စတဲ့ မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေ တစ်ရက်တည်း ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးက စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်နဲ့ တောင်ကုတ်မြို့တွေက ဆန္ဒပြခေါင်းဆောင် ၁ဝ ယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်