ရန်ကုန် ၊ စက်တင်ဘာ ၂၂
ဧရာ ဝတီမြစ်အတွင်းမှ သဲ၊ ကျောက်၊ ရွှေထုတ်ယူမှုများကြောင့် ကမ်းပါးပြိုမှုများ ဆိုးဆိုးရွားရွားဖြစ် ပေါ်လျက်ရှိသဖြင့် ကျေးရွာပေါင်း ခြောက်ရွာမှာ နှစ်ကြိမ်တိုင်တိုင် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရမှုများ ဖြစ်ပေါ်ခဲ့ သည့်တိုင် သက်ဆိုင်ရာ သို့ တိုင်ကြားခဲ့သော်လည်း အရေး ယူမှုမရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ် သက်ပြီး နေပြည်တော်သမ္မတရုံး အထိ စာတင်ပြီးသွားပါပြီ။ တိုင်း ဒေသကြီးအစိုးရကိုလဲ တင်တယ်။ တိုင်းအစိုးရက ဒီကိစ္စကိုလုပ်ကိုင် ခွင့် ပိတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်တွေက လုပ်ပိုင်ခွင့်ပိတ်ထား လျက်နဲ့ အခုထိ လုပ်နေကြ တုန်းပဲ။ ကျွန်တော်တို့ သက်ဆိုင်ရာတာ ဝန်ရှိသူတွေကို ၂၀၁၁ အောက် တိုဘာကနေ ၂၀၁၃ စက်တင်ဘာ အထိ အကြိမ်ကြိမ်တင်ပြနေပေ မယ့် ထိထိရောက်ရောက် ဘာမှ လုပ်မပေးသေးပါဘူး။ ၂၀၁၁တုန်း ကတော့ သမ္ဗန် ခုနစ်စင်း ဖမ်းသွား တယ်။ နောက်တစ်နေ့ကျတော့ အဲဒီသမ္ဗန်တွေ ပြန်ရောက်လာ ပြီး ပြန်လုပ်နေကြတယ်''ဟု ယင်း က ထပ်မံပြောသည်။
ပဲခူးတိုင်းဒေသကြီး မိုးညို မြို့နယ် အင်းတ္တော်လုပ်အုပ်စု ထိန် တောအုပ်စု၊ ကြို့ပင်သာအုပ်စုနှင့် ဧရာဝတီတိုင်းဒေသကြီး မြန်အောင် မြို့နယ် မဲခင်းချောင်အုပ်စု၊ အင်္ဂပူ မြို့နယ် ခွေးတောက်ချောင်းအုပ် စုတို့သည် ဧရာဝတီမြစ်၏အရှေ့ ဘက်ကမ်း နှင့် အနောက်ဘက်ကမ်း တို့တွင် ဆက်စပ်တည်ရှိနေကြပြီး ယင်းကမ်းပါးအနီးတွင် သဲ၊ ကျောက်၊ ရွှေစုပ်ယူသော သမ္ဗန်များကြောင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်ကာ ကျေးရွာအသီးသီးရှိ စာသင် ကျောင်းခြောက်ကျောင်း၊ ဘုန်း ကြီး ကျောင်း ၁ဝကျောင်း၊ လူနေ အိမ်ခြေပေါင်း ၁၅ဝဝကျော်တို့ အကြိမ်ကြိမ် ရွှေ့ပြောင်းရခြင်း ဖြစ်ကာ လယ်ဧကများစွာလည်း ဆုံးရှုံးနေရကြောင်းသိရသည်။
သဲစုပ်သမ္ဗန်များ သည် တစ် ကြိမ်လျှင် အစင်း၁ဝဝကျော်ဖြင့် နေ့ညမပြတ်စုပ်ယူကြောင်း၊ သမ္ဗန် တစ်စင်းစုပ်ယူလျှင် ပေ၂ဝပတ် လည် ကျင်းတစ်ကျင်းဖြစ်ပေါ် ကာ ကမ်းပါးများမှာရေဦးထိုးမှု ကြောင့် ပဲ့ကျပျက်စီးခြင်းများဖြစ် ပေါ်ကြောင်း၊ လက်ရှိ တွင်လည်း ကမ်းပါးများ ပြိုကျလျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် ထပ်မံရွှေ့ ပြောင်းရမည်ကို မလိုလားတော့ ဘဲ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် တားဆီးပေးလိုကြောင်း အဆိုပါဒေသခံအချို့က ဆိုသည်။ ''သမ္ဗန်တွေ သဲစုပ် တဲ့ဒဏ် ကြောင့် ဘာဘူကျွန်းဆိုတဲ့လယ် ယာလုပ်တဲ့ကျွန်းက ဧက၁၀၀၀ လောက်ကနေ အခုဆိုတစ်ဝက် လောက်ပဲကျန်တော့တယ်။ ငါးလ ပိုင်းတုန်းကတော့ တိုင်တဲ့သူတွေ ကို မြို့နယ်အုပ်ချုပ်ရေးမှူးကခေါ် စစ်တယ်။ ကျွန်တော် တို့ကလဲ ဒီလို လုပ်ခွင့်ပြု ထားတာကို တရားဝင် စာရှိလားဆိုတာကိုပဲ သိချင်တယ်။ နိုင်ငံတော်က တရားဝင်လုပ်ခွင့် ပြုထားတာဆိုရင်တော့ ကျွန်တော် တို့တွေက အတိုက်အခံမလုပ်ပါ ဘူး။ သူတို့က မင်းတို့စုပ်နေတဲ့ သမ္ဗန်တွေတွေ့ရင် ဖမ်းလာခဲ့ လို့ ပြောတယ်။ ကျွန်တော်တို့က အာ ဏာပိုင်မှ မဟုတ်တာ။ ဖမ်းရင် လုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့နဲ့ ပြဿနာတက်မှာပေါ့။ လူနည်းစု ကောင်းစားရေးအတွက် အများ ပြည်သူက ဒုက္ခရောက်နေရတယ်'' ဟု အင်းတ္တော် လုပ်ကျေး ရွာအုပ်စု မှ ဒေသခံ ဦးစံသိန်းက ပြောသည်။
အောင်သက်ကို
Yangon Media Group
Time in Rangoon


0 comments:
Post a Comment