Monday, September 23, 2013

မိန်းမ အင်္ဂါပိုးဝင်ခြင်း(for girl)

Posted by drmyochit Monday, September 23, 2013, under | No comments

မေး။ ။ သမီးက အသက် 25 နှစ်ပါ။ အိမ်ထောင် ရှိပါတယ် (လက်ရှိ အဝေးရောက်နေ ပါတယ်)။ လွန်ခဲ့တဲ့ တပတ် မေလ ၁၄ ရက်နေ့မှာပဲ သမီး ဓမ္မတာ ပြီးပါတယ်။ ဒါပေမဲ့ အခု ၄၊ ၅ ရက် ကြာပြီးမှ နောက်ထပ် သွေးထပ် ဆင်းပါ တယ်။ ပုံမှန် ဓမ္မတာ လာသလိုပါပဲ။ ကိုက်ခဲတာလဲ မရှိပါ ဘူး။ ပြီးခဲ့တဲ့ လတွေက ပုံမှန် ဓမ္မတာ ဆင်းတုန်းက အတိုင်း ပါပဲ။ အဲ့ဒါ ဘာကြောင့်ဆိုတာ သိချင်ပါတယ်။ သမီး က အခု နိုင်ငံရပ်ခြားကို ရောက်တာ မကြာသေးပါ ဘူး။ ဒါကြောင့် ဒီဘက်က ဆေးခန်းပြဖို့ အဆင် မပြေ တာတွေ ရှိလို့ပါ။ သမီး မနှစ်လောက်က အမျိုးသားနဲ့ ဆက်ဆံ တဲ့ အခါ တခါတလေ အနံ့ဆိုး ထွက်တတ်ပါတယ်။ ဆရာ ၀န်နဲ့ ပြဖူးပါတယ်။ ဆရာမ ပြောတာတော့ ပိုးဝင် တယ် လို့ ပြော ပါတယ်။ အခုတော့ ကုလို့ပျောက်နေပါ တယ်။ ဒါပေမဲ့ သမီး ဆေးစစ်ချင်ပါတယ်။ အမျိုးသမီးအင်္ဂါ ပိုးဝင်လို့ ဖြစ်တတ်တဲ့ရောဂါ၊ နောက်ပြီး HIV ကူးဆက်ခံရရင် ဘယ်လို လက္ခဏမျိုး အရင်ပြပါသလဲ။ အဖုလေးတွေ ပေါက်တယ်လို့ ကြားဖူးပါတယ်။ ဘယ်လို အဖု တွေများ ပေါ်လာတတ်ပါသေးလဲ။ ဖျားသလို ကိုယ်ပူသလိုလဲ တခါတလေဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသလား။ ပေါက်တဲ့အဖု တွေကရော ဘယ်လိုနေရာမှာ ပေါက်တတ်ပါသလဲ။ မျက်နှာလိုနေရာမှာရော ဖြစ်တတ်ပါသလား။

ဖြေ။ ။ ၁) ရာသီလာတာနဲ့ ပက်သက်ပြီး ပြောရရင် အခုလို နိုင်ငံရပ်ခြားမှာ လာနေရတာ၊ မိသားစုနဲ့ ခွဲနေရတာ စတာတွေက စိတ်ဖိစီးမှုကိုဖြစ်စေပြီး ရာသီလာတာကို ပုံမှန်မဖြစ်စေပါဘူး။ ဒီအတွက် စိတ်မပူပါနဲ့။ နိုင်ငံရပ်ခြားမှာ နေသားကျသွားရင် အဆင်ပြေမှာပါ။ စိတ်ဖိစီးမှု တစ်ခုခုရှိနေလို့ ဖြစ်တာမျိုးပါ။

၂) အမျိုးသားနဲ့ ဆက်ဆံရင် မိန်းမကိုယ်က အနံ့ဆိုးထွက်တယ်ဆိုတာ ပိုးဝင်တာလို့ ထတစ်ချ ပြောလို့မရပါဘူး။ ဓာတ်ခွဲခန်းမှာ သွေးစစ်၊ သို့မဟုတ် အမျိုးသမီး လိင်အင်္ဂါရည်ကို စစ်ဆေးပြီးမှ အတည်ပြုပြီး ပြောလို့ ရပါတယ်။ အဖြစ်များတာကတော့ Bacterial Vaginosis လို့ခေါ်တဲ့ အနံ့ဆိုးထွက်တဲ့ ပိုးဖြစ်နိုင်ပါတယ်။ ဒီအတွက် ကြောက်စရာမလိုပါဘူး။ မိန်းကလေးတိုင်းမှာ ဖြစ်တတ်ပါတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြပြီး ဆေး ၁ ပတ်လောက်သောက်ရင် ပျောက်ပါတယ်။

၃) HIV ကူးစက်ရင် ဘာလက္ခဏာမှ သိသိသာသာ မပြပါဘူး။ ပိုးကူးစက်ခံရပြီး ၁ ပတ် ၂ ပတ်မှာတော့ တုန်ကွေးဆန်ဆန် ဖျားနာတာမျိုး ဖြစ်တတ်ပါယ်။ ဒါကို အတော်များများ သတိ မထားမိတတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခုခံအားက အဲဒီအချိန်မှာ ကောင်းနေလို့ပါ။ ခုခံအားကောင်းနေသရွေ့ ဘာလက္ခဏာမှ မပြပါဘူး။ နှစ်နဲ့ချီပြီး သာမန်လူလိုပဲ နေနိုင်ပါတယ်။ ခုခံအား ကျခဲ့ရင်တော့ ရေယုံ၊ မက်ခရု စတာတွေပေါက်မယ်၊ ကာလ အတန်ကြာ ၀မ်းလျောမယ်။ ပိန်လာမယ်၊ ကာလအတန်ကြာ ချောင်းဆိုးမယ်။ အရေပြားမှာ ကူးစက်ရောဂါလေးတွေရှိလာမယ်။ မိန်းမကိုယ်မှာ အနာလေးတွေပေါက်လာမယ်။ မိန်းမကိုယ်မှာ အဖုပေါက်တာက အတိအကျ မရှိပါဘူး။ ရောဂါသည်က ခုခံအားကျလာတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ရောဂါပိုးကို မူတည်ပြီး ရောဂါရကြတာပါ။ မျက်နှာမှာလည်း အဖူရယ်လို့ သီးသန့် မထွက်ပါဘူး။ ဒါပေမယ့် ရောဂါကျွမ်းတဲ့ အဆင့်ဆိုရင်တော့ အဖုတွေ ထွက်တတ်ပါတယ်။ အလွန်ဆိုးဝါးတဲ့ အခြေအနေမှပါ။
ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်
လမင်းကို
By HIM

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်