Saturday, September 07, 2013

iPad အတွက် Writing app ၁၀ မျိုး

Posted by drmyochit Saturday, September 07, 2013, under | No comments



Editorial ($4.99)

Editorial ဟာ iPad writing app တွေထဲက အကောင်းဆုံး app တစ်ခုလို့ ဆိုနိုင်ပါတယ်။ Pythonista ဖန်တီးသူ Ole Moritz က ရေးဆွဲထားတာဖြစ်ပြီး ၎င်းမှာ Mark down နဲ့ Python scripting တို့ကို ထောက်ပံ့ပေးထားပါတယ်။ Built-in browser ပါဝင်ပြီး အသုံးပြုလိုတဲ့အခါ ဘေးဘက်ကနေ swipe လုပ်ပြီး သုံးနိုင်ပါတယ်။ Document တွေကို Dropbox folder မှာ သိုလှောင် သိမ်းဆည်းထားနိုင်ပါ တယ်။ နောက်ပြီး Mark down ကို ရေးသားခြင်းနဲ့ လိုအပ်တဲ့ special character တွေအတွက် Smart Keyboard တစ်ခုလည်း ပါဝင်ပါတယ်။

Quip (free)

Facebook နည်းပညာအရာရှိချုပ် ဘရတ်တေလာရဲ့ Quip ကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်မယ့် writing app တစ်ခု ဖြစ်ပါတယ်။ Quip မှာ word processor နဲ့ messaging system တို့ကို ပေါင်းစပ်ထားတာကြောင့် thread များကို ဖန်တီးပြီး ဆွေးနွေးခြင်း၊ document များ ပြင်ဆင်တည်းဖြတ်ခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Quip app ဟာ version 1.1 သာ ရှိသေးတာကြောင့် အချို့သော feature တွေပါဝင်လာခြင်း မရှိသေးပါဘူး။

Pages ($9.99)

Apple ရဲ့ Pages app ကလည်း ရွေးချယ် အသုံးပြုသင့်တဲ့ app တစ်ခု ဖြစ်ပါတယ်။ Writing app တွေထဲမှာ ဈေးအကြီးဆုံး ဖြစ်ပေမယ့်လည်း Pages ဟာ fully-feature document creator တစ်ခု ဖြစ်ပါတယ်။ Pages ကို iOS, iClound နဲ့ Mac version Pages တို့မှာ ပေါင်းစပ် ထည့်သွင်းထားပါတယ်။ iCloud နဲ့ အသုံးပြုနိုင်တာကြောင့် ဘယ်နေရာကနေမဆို ဖိုင်တွေကို ပြင်ဆင်ခြင်း၊ ဖန်တီးခြင်း၊ ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ Retina display ပါတဲ့ iPad ပေါ်ကနေ အသုံးပြုတဲ့ အခါမှာလည်း အရာအားလုံးကို ထူးကဲကောင်းမွန်စွာနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Pages ကို စာရိုက်ရုံသာမကဘဲ ဂရပ်ဖစ်များ၊ ဇယားကွက်များ ပါဝင်တဲ့ page တစ်ခုကို ပြင်ဆင် ပြုလုပ်နိုင်ပါတယ်။

Day One ($4.99)

Day One ကတော့ weather, markdown, Foursquare အထောက်အပံ့ စတဲ့ ဆွဲဆောင်မှုရှိတဲ့ အပိုဆောင်း feature တွေ ပါဝင်တဲ့ journal app တစ်ခု ဖြစ်ပါတယ်။ ဘဝမှာ အမှတ်ရစရာ အချက်အလက်တွေကို ပြန်လည် ကြည့်ရှုနိုင်ရန်အတွက် ရည်ရွယ်ထားတဲ့ app ဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ရစရာ ဓာတ်ပုံတွေ၊ ပွဲတွေကို ထည့်သွင်းပြီး iCloud နဲ့ Dropbox ကို သုံးကာ iPhone နဲ့ iPad တို့မှာ sync ပြုလုပ်နိုင်ပါတယ်။

Phraseology ($3.99)

Phraseology ကလည်း စာပေါ်က cursor navigation အားနည်းချက်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြုလုပ်ထားပြီး စာများကို အလွယ်တကူ select လုပ်နိုင်ရန်အတွက် အလွယ်တကူ သုံးနိုင်တဲ့ keyboard ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် cut နဲ့ paste တို့ထက် အလွယ်တကူ ပြုလုပ်နိုင်မယ့် drag and drop interface ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အသုံးပြုတဲ့အခါမှာ မျက်စိကို ပိတ်ထားပြီး အသုံးပြုနိုင်ပါတယ်။ Interface နဲ့ editing feature တွေ မပါဝင်ပေမယ့်လည်း iPad ပေါ်မှာ စာရိုက်တဲ့အခါမှာ iPad ကို လုံးဝ ကြည့်စရာမလိုဘဲ စာလုံးတွေကို တိကျစွာ ရိုက်နိုင်ပါတယ်။

Evernote (free)

Evernote ကတော့ အလွယ်တကူ အသုံးပြုနိုင်မယ့် အခမဲ့ app ဖြစ်ပါတယ်။ မှတ်စုများ ရေးမှတ်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ to-do list များ ဖန်တီးခြင်း၊ အသံများကို ဖမ်းယူခြင်း စတာတွေကို ပြုလုပ်နိုင်ပြီး device အားလုံးမှာ ပြုလုပ်ထားသမျှကို မှတ်သားပေးနိုင်တဲ့ app ဖြစ်ပါတယ်။ ဒါ့အပြင် ရေးမှတ်ထားတဲ့ မှတ်စုတွေကို ဘယ်နေရာမှမဆို ပြန်လည် ရှာဖွေနိုင်ပါတယ်။

Penultimate (free)

Penultimate app ကတော့ iPad ပေါ်မှာ မှတ်စုတွေကို လက်ရေးနဲ့ ရေးသားနိုင်မယ့် အခမဲ့ app ဖြစ်ပါတယ်။ စာရွက်ပေါ်မှာ လက်ရေးနဲ့ရေးတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ မှတ်စုများ ရေးသားခြင်း၊ ပုံကြမ်းများ ရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်ပြီး ရေးမှတ်ထားသမျှကို ဝေမျှမှု ပြုလုပ်နိုင်ပါတယ်။

iA Writer ($0.99)

iPhonန နဲ့ iPad ပေါ်မှာ စာရေးသားမှု ပြုလုပ်နိုင်မယ့် app ဖြစ်ပါတယ်။ Formatting setting တွေ ပါဝင်ခြင်း မရှိပေမယ့် markdown file format ကို ထောက်ပံ့ပေးထားပါတယ်။ ရေးသားထားတာတွေကို Mac, iPad နဲ့ iPhone တို့အကြား sync လုပ်နိုင်ပါတယ်။

Blogsy ($4.99)

Blogging platform အားလုံးနီးပါးကို အထောက်အပံ့ ပေးထားတဲ့ writing app ဖြစ်ပါတယ်။ WordPress, Blogger, TypePad, Movable Type, Joomla, Drupal, IBm Connections, Tumblr, Squarespace နဲ့ MetaWeblog တို့လို နာမည်ကျော် platform တွေကို အထောက်အပံ့ ပေးပါတယ်။ Pull-in browser, swipe to HTML mode အပြင် Photos, Flickr, Picasa, Instagram, Facebook, YouTube, Vimeo တို့မှ drag-and- drop multimedia support စတဲ့ feature တွေ ပါဝင်ပါတယ်။ Markdown ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

ဘမ္ဘီ
From: Myanmar Mobile

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်