Saturday, September 07, 2013

တာလီဘန်တို့အကြောင်း ကိုယ်တွေ့ဝတ္ထု ရေးခဲ့သည့် အမျိုးသမီး ပစ်သတ်ခံရ

Posted by drmyochit Saturday, September 07, 2013, under | No comments

ဆူရှာမီတာ ဘာနာဂျီသည် အာဖဂန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် လက်ထပ်ထားသဖြင့် အိန္ဒိယမှ အာဖဂန်သို့ ပြောင်းရွှေ့ နေထိုင်နေသည်။ သူမသည် ကြာသပတေးနေ့က ပါတီကာ ဒေသရှိ သူမ၏ နေအိမ် အပြင်ဘက်တွင် ပစ်သတ် ခံခဲ့ရခြင်းဖြစ်ကြောင်း အာဖဂန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်

တာလီဘန်များ လက်ထဲမှ လွတ်မြောက်ခဲ့သည့် ကိုယ်တွေ့မှတ်တမ်းကို ရေးသားခဲ့သဖြင့် နာမည်ကျော်ခဲ့သော အိန္ဒိယ အမျိုးသမီး တစ်ဦးသည် ယခုအခါ အာဖဂန် နစ္စတန်တွင် ပစ်သတ် ခံလိုက်ရကြောင်း သိရှိရသည်။ ဆူရှာမီတာ ဘာနာဂျီသည် အာဖဂန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် လက်ထပ်ထားသဖြင့် အိန္ဒိယမှ အာဖဂန်သို့ ပြောင်းရွှေ့ နေထိုင်နေသည်။ သူမသည် ကြာသပတေးနေ့က ပါတီကာ ဒေသရှိ သူမ၏ နေအိမ် အပြင်ဘက်တွင် ပစ်သတ် ခံခဲ့ရခြင်းဖြစ်ကြောင်း အာဖဂန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လူသတ်မှု ကျူးလွန်သွားသည်မှာ တာလီဘန် တပ်ဖွဲ့များဖြစ်ကြောင်းလည်း သတင်းများက ဆိုသည်။ ဘာနာဂျီသည် (၁၉၉၅)ခုနှစ်က တာလီဘန်တို့ လက်ထဲမှ သူမ လွတ်မြောက်ခဲ့ရပုံကို စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ရာ အိန္ဒိယတွင် ရောင်းအကောင်းဆုံး ဖြစ်ခဲ့သည်။

အဆိုပါ ဇာတ်လမ်းကို (၂၀၀၃)ခုနှစ်တွင် ဘောလီးဝုဒ် ရုပ်ရှင်အဖြစ်ပင် ရိုက်ကူးခဲ့သည်။ သူမသည် ယခင်က အိန္ဒိယတွင် အဓိက နေထိုင်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူနှင့် အတူရှိစေရန် အာဖဂန်သို့ မကြာသေးမီကမှ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ ဘာနာဂျီသည် ပါတီကာတွင် ကျန်းမာရေး ကူညီစောင့်ရှောက်မှု ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်နေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သူမသည် လုပ်ငန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဒေသခံ အမျိုးသမီးများကို မှတ်တမ်းတင် ဗီဒီယို ရိုက်လေ့ရှိသည်။ ပါတီကာဒေသ၏ မြို့တော်ဖြစ်သော ခါရာနာရှိ သူမ၏ နေအိမ်သို့ တာလီဘန် လက်နက်ကိုင်များ ရောက်လာပြီး ခင်ပွန်းသည်နှင့် မိသားစုဝင် အားလုံးကို ကြိုးဖြင့် တုပ်နှောင်ခဲ့သည်။

ထို့နောက်တွင်မူ ဘာနာဂျီကို အိမ်ပြင်ဆွဲထုတ်ကာ ပစ်သတ်ပြီး အလောင်းကို အနီးရှိ ဘာသာရေး စာသင်ကျောင်း တစ်ခုရှေ့တွင် စွန့်ပစ်သွားကြောင်း ရဲများက ဆိုသည်။ တာလီဘန်တို့ကမူ အဆိုပါ တိုက်ခိုက်မှုသည် မိမိတို့ လက်ချက်မဟုတ်ဟု BBCသို့ ဆက်သွယ် ငြင်းချက်ထုတ်ခဲ့သည်။ အသက်(၄၉)နှစ်ရှိ ဘာနာဂျီသည် A Kabuliwala's Bengali Wife အမည်ဖြင့် သူမနှင့် ခင်ပွန်းဖြစ်သူ ဂျန်ဘက်ဇ်ခန်းတို့ တာလီဘန်တို့လက်မှ ထွက်ပြေးလွတ်မြောက်လာပုံ ကိုယ်တွေ့ဇာတ်လမ်းကို ရေးသားပြီး အောင်မြင်မှုများ ရရှိခဲ့သလို ထိုဇာတ်လမ်းကို Escape From Taliban အမည်ဖြင့် ရုပ်ရှင် ပြန်လည် ရိုက်ကူးခဲ့သည်။

Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်