Saturday, September 07, 2013

ရွှေဝါရောင်မျိုးဆက် သံဃာတစ်ပါး နိုင်ငံရေးလှုပ်ရှားမှုဖြင့် ကျောင်းတိုက်မှ ထုတ်ပယ်ခံရ

Posted by drmyochit Saturday, September 07, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၆ ။      ။ သာသနာ ပိုင်မြေရောင်းစားမှုဖြင့် ကျောင်း ထိုင်ဆရာတော်ကို တရားစွဲခဲ့ သော သံဃာတော်တစ်ပါးအား နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ နိုင်ငံရေးလှုပ်ရှားမှုများပြု လုပ်သည်ဟုဆိုကာ ကျောင်းတိုက် အတွင်းမှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပယ်ခံရသော သံဃာတော် ၏မိန့်ကြားချက်အရသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊  ဗဟန်းမြို့နယ်ငါး/မြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်း တိုက်အ လယ်ကျောင်းကြီးနေ ဦးဃောသိ တမှာ ၂၀၁၂ ခုနှစ်တွင် ကျောင်း ထိုင်ဆရာတော်မှ ကျောင်းတိုက် အတွင်းမှ သာသနာပိုင်မြေပေ (၃၀*၇၀)အား ရောင်းချမှုပြု သည် ကို သံဃာတော်အပါး ၃၁ပါးခန့် လက်မှတ်ဖြင့်ကန့်ကွက်ခဲ့ကြောင်း၊ စာကိုနိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့သို့စာတင်ခဲ့သော်လည်း ဦးဇင်းဃောသိတအား ကျောင်း တိုက်အတွင်းမှ အမြန်ဆုံးဖယ်ရှား ပေးပါရန် နိုင်ငံတော် သံဃမဟာ နာယကသို့ လျှောက်ထားလိုက် သည့်အတွက် ကျောင်းမှထုတ်ပယ် ခြင်းခံလိုက်ရကြောင်း ရွှေဝါရောင် သံဃာအရေးအခင်းတွင် လှုပ်ရှား ခဲ့သူတစ်ဦးဖြစ်သူ ဦးဃောသိတ ကမိန့်သည်။

ဦးဃောသိတက ''ဦးဇင်း က သာသနာမြေရောင်းစားတာ မကျေနပ်လို့လျှောက်ထားခဲ့ပေ မယ့် ဦးဇင်းကိုနိုင်ငံရေးလှုပ်ရှား မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ကို ဆရာတော်ဦးဇောတိကကလျှောက် ထားတယ်။ အခုလဲနိုင်ငံတော်သံ ဃမဟာနာယကအဖွဲ့က ရန်ကုန် တိုင်းဒေသကြီး သံဃမဟာနာယ ကအဖွဲ့ကိုကျောင်းတိုက်က ဖယ် ရှားဖို့အမိန့်ပေးလို့ ဦးဇင်းကျောင်း ကနေထုတ်ပယ်လိုက်တယ်''ဟု မိန့်သည်။  ဦးဃောသိတသည် လိပ်ပြာ ကန်ကျောင်းတိုက်အလယ်ကျောင်း ကြီး၏ စာချကိုယ်တော်တစ်ပါး ဖြစ်ပြီး သီတင်းကျွတ်လပြည့်ကျော် ၁ရက် (၂၀ -၁၀-၂၀၁၃ ရက်) ညနေ ၄နာရီနောက်ဆုံးထားပြီး ကျောင်းတိုက်အတွင်းမှ ထွက်ခွာ ရမည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်တွင် နိုင်ငံတော်သံဃမဟာ နယကအဖွဲ့ ၄ရ ပါးစုံညီဒုတိယ အစည်းအဝေးဆုံးဖြတ်ချက်နှင့် အညီဩဝါဒခံယူကာ ဝန်ခံကတိ ပြုခဲ့သည်ဟုဆိုသည်။

ဦးဃောသိတက ''ဦးဇင်းကို ခေါ်ယူစစ်ဆေးတုန်းက လုံးဝကို မြေယာကိစ္စကိုမဖော်ပါဘူး၊ မြေ ယာကိစ္စကိုမပြောဘဲနဲ့ ဦးဇင်းကို သာလျှင် ဒီကျောင်းထဲမှာ နိုင်ငံရေး တွေလုပ်နေပါတယ်ဆိုပြီး ပုဒ်မ ကြီးတွေ တပ်ပြီးထုတ်ပယ်တာပါ။ ဦးဇင်းက မြေယာကိစ္စတုန်းကလဲ ခေါင်းဆောင်ပြီး ကန့်ကွက်လို့ ဦးဇင်းကိုပဲထုတ်ပယ်တာဖြစ်မယ်'' ဟု မိန့်သည်။ ဆက်လက်ပြီး ''ကျောင်းတိုက် ကို မော်ရွှေပြည်ရှမ်းကျောင်းဆရာ တော်ကို ရောင်းစားခဲ့တယ်။ ဦး ဇင်းတို့ရှေ့မှာတင် ကျောင်းတိုက် နှစ်ကျောင်းကို ရောင်းစားခဲ့တာ မြင်ခဲ့ရတယ်။ အမှန်တကယ်ဆို နိုင်ငံတော်ကခွင့်ပြုချက်ရမှ သာ လျှင် အဲ့ဒီကျောင်းကကျန်တဲ့ တစ် ပါးကို လက်ဆင့်ကမ်းခွင့်ရတယ်။ အခုဟာကအဲ့လိုမဟုတ်ဘဲ သူတို့ ဘာသာရောင်းစားသွားတာဖြစ် တယ်''ဟု ဦးဃောသိတကမိန့် သည်။

ဦးဃောသိတသည်ရွှေဝါ ရောင်သံဃာအရေးအခင်းတွင် လှုပ်ရှားခဲ့ဖူးသူဖြစ်ပြီး ၂၀၀၈ခု နှစ်တွင် ဖမ်းဆီးခံခဲ့ရကာထောင် ခုနစ်နှစ်ကျခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ''ဦးဇင်းအနေ နဲ့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာ တော်ကြီးများအနေနဲ့ အမှားကို အမှန်တရားဖြစ်အောင် ဖော်ဆောင် ပေးဖို့လိုသလို သာသနာရေးဝန် ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ ကလဲ ပြန်လည်စစ်ဆေးပြီး အမှန် တရားကိုဖော် ဆောင်ဖို့လို ပါတယ်'' ဟုမိန့်သည်။

သော်ဇင်ထက်
Yangon media group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်