ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက် စွတ်ဖက့်မည့် အမေရိကန် အစိုးရ၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း အမေရိကန် ပေါ့တ်စတား မက်ဒေါနားက ထုတ်ဖေါ်ပြောဆို လိုက်သည်။ ဆီးရီးယားကို လက်ရှောင်ပါ အမေရီကန် (US Stay Out of Syria ) ဟူသော လက်ရေးမူ ဓာတ်ပုံကို မက်ဒေါနားက ဓာတ်ပုံများ လွင့်တင် ဝေမျှနိုင်သော Instagram စာမျက်နှာ ထက်တွင် လွင့်တင်ခဲ့ပြီး ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက် စွတ်ဖက့်မည့် အမေရိကန် အစိုးရ၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း ပြသခဲ့ခြင်း ဖြစ်သည်။ မက်ဒေါနားသည် ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက် စွတ်ဖက့်မည့် အစီအစဉ်ကို ဖော်ဆောင်နေသူ အမေရိကန် သမ္မတ ဘာရက် အိုဘားမားအား ယခင်က ကာလရှည် ထောက်ခံခဲ့သူ ဖြစ်သည်။ "ဆက်ဒမ် ဟူစိန်ကို အမေရိကန် သမ္မတ ဘုရှ် ၀င်တိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပြင်းထန်တဲ့ စစ်ဆန့်ကျင်ရေးဝါဒီ တစ်ဦး ဖြစ်လာခဲ့ပါတယ် " ဟု Huffington Post သတင်း စာက ဖေါ်ပြထားသည်။
Time in Rangoon


0 comments:
Post a Comment