Saturday, September 07, 2013

တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးကို သူပုန်ထရန်ကြံစည်မှုဖြင့် ဖမ်းဆီး

Posted by drmyochit Saturday, September 07, 2013, under | No comments

တောင်ကိုရီးယား၏ နိုင်ငံရေးပြိုင်ဘက် မြောက်ကိုရီးယားကို လိုလားပြီး ပုန်ကန်ထကြွရန် အစီအစဉ် တစ်ခု ကြံစည်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် လွှတ်တော်အမတ်များက ၎င်းအတွက် ဖမ်းဝရမ်းကို လက်ခံသင့်ကြောင်း အတည်ပြုခဲ့

တောင်ကိုရီးယားတွင် လွှတ်တော် အမတ် တစ်ဦးအား သူပုန်ထရန် ကြံစည်မှု စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ လီဆွတ်ခ်ကီ သည် တောင်ကိုရီးယား၏ နိုင်ငံရေးပြိုင်ဘက် မြောက်ကိုရီးယားကို လိုလားပြီး ပုန်ကန်ထကြွရန် အစီအစဉ် တစ်ခု ကြံစည်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် လွှတ်တော် အမတ်များ က ၎င်းအတွက် ဖမ်းဝရမ်းကို လက်ခံ သင့်ကြောင်း အ တည်ပြုခဲ့သည်။ "ဒီကိစ္စက အမျိုးသား ထောက်လှမ်းရေး ဌာနရဲ့ လုပ်ဇာတ်ကြီးပဲ"ဟု ကြာသပတေးနေ့ က ဆူဝမ်ရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရချိန် ၌ လီက အော်ဟစ် ပြောကြားသွားသည်။ ဆိုးလ်မြို့တော် တောင်ပိုင်း ရှိ ဆူဝမ်ရဲစခန်းတွင် ၎င်းကို ခေတ္တ ထိန်းသိမ်းပြီးနောက် အချုပ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးအား သူပုန်ထရန် ကြံစည်မှု စွဲချက်အတွက် မဲခွဲဆုံးဖြတ်၍ ဖမ်းဆီးစေခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးလည်း ဖြစ်သည်။ လီသည် သေးငယ်သော နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စု တိုးတက်ရေးပါတီမှ အမတ်တစ်ဦးလည်း ဖြစ်သည်။ တောင်ကို ရီးယား ထောက်လှမ်းရေး ဌာနက လီသည် မြောက်ကိုရီးယားကို ထောက်ခံ အားပေးကူညီနေကြောင်း အချက်အလက်များ တွေ့ရှိခဲ့ပြီး သူလျှိုအဖြစ် စွပ်စွဲခဲ့သည်။ ၎င်းသည် မေလက မြောက်ကိုရီးယားမှ ကိုယ်စားလှယ် အချို့နှင့် တွေ့ဆုံပြီး တောင်ကိုရီးယား၏ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို အစပြုရေး ဆွေးနွေးခဲ့ကြောင်း စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။

ဥပဒေ သတ်မှတ်ချက်များအရ တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနသည် တရားရုံးသို့ လွှဲအပ်ခြင်း မပြုမီ လီကို (၁၀)ရက်ကြာ အချိန်ယူ စစ်ဆေးခွင့် ရှိနေကြောင်းလည်း သိရသည်။ ဆူဝမ်ခရိုင် တရားသူကြီး လီဂျန်ဝမ်က မိမိသည် လီအတွက် အလျင်အမြန် ဝရမ်းထုတ်ပေးခဲ့ပြီး ယင်းမှာ သံသယ တရားခံ အနေဖြင့် သက်သေ အထောက်အထားများကို ဖျက်ဆီးရန် အချိန်ရသွားခြင်းမျိုး၊ ထွက်ပြေးလွတ်မြောက်သွားခြင်းမျိုး မဖြစ်စေလို၍ဟု သတင်းထောက်များအား ပြောကြားသွားသည်။

From: Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်