Saturday, September 07, 2013

ဆက်သွယ်ရေးစခန်းပြောင်းရွှေ့မည်ဖြစ်၍ ကြိုးဖုန်းအလုံးငါးရာ နှစ်ရက်တာ ပြတ်တောက်မည်

Posted by drmyochit Saturday, September 07, 2013, under | No comments

မန္တလေး ၊ စက်တင်ဘာ ၆။

မန္တလေးမြို့ရှိ ချမ်းမြသာစည် ဆက်သွယ်ရေး စခန်းရွှေ့ပြောင်းမည်ဖြစ်၍ ၎င်းစခန်းမှ တပ်ဆင် အသုံးပြုလျက်ရှိသော ကြိုးဖုန်း အလုံးငါးရာ စက်တင်ဘာလ (၇)ရက်မှ (၈)ရက်နေ့အထိ နှစ်ရက်တာ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ယင်းအလုံး ငါးရာမှာ ၀၂-၇၈၀၀၀မှ ၀၂-၇၈၄၉၉ထိ ဖြစ်ပြီး ထိုဖုန်းများမှာ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် အသုံးပြုနေသော ဖုန်းလိုင်းများဖြစ်ကြောင်းလည်း သိရသည်။

၎င်းဆက်သွယ်ရေးစခန်းမှာ နိုင်ငံတကာအဆင့်မီ အားကစားကွင်း ပတ်လည်လမ်းများ တိုးချဲ့ခြင်း၊ အဆင့်မြင့်တင်ခြင်းများ ပြုလုပ်နေသည့် စီမံကိန်းနယ်မြေအတွင်း ရောက်ရှိနေသောကြောင့်
၎င်းဆက်သွယ်ရေး စခန်းကို ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လူလူ
The Myanma Age


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်