Friday, October 18, 2013

3G ကွန်ရက်စနစ် MPT နှင့် MEC ကို နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းစုများ အပြိုင်အဆိုင် ကမ်းလှမ်းနေပြီ

Posted by drmyochit Friday, October 18, 2013, under | No comments


မြန်မာနိုင်ငံက မကြာခင် ပေးအပ်မည့် 3G ကွန်ရက်စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့်အတွက် Chun-glasa Telecom နှင့် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများက မြန်မာမှ MPT နှင့် MEC တို့ကို ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း ၂၇-၉-၂၀၁၃ ရက်က သတင်းရရှိသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍတွင် 3G စနစ်ကို အကောင်အထည် ဖော်ရန် ကြိုးစားနေသည့် မြန်မာအစိုးရအနေဖြင့် ဆက်သွယ်ရေး တင်ဒါလိုင်စင် အောင်မြင်ထားသော နော်ဝေ Telenor နှင့် ကာတာ Ooredoo တို့ကိုလည်း တရားဝင် လိုင်စင်လက်မှတ် ရေးထိုးပေးထားခြင်း မရှိသေးကြောင်း သိရသည်။

“မြန်မာအစိုးရ အနေနဲ့ ၂၀၁၃ အောက်တိုဘာလလောက်မှာ Telenor နဲ့ Ooredoo ကို အသေးစိတ် လက်မှတ်ရေးထိုး ပေးလိမ့်မယ်လို့ ယူဆရပါတယ်” ဟု Changlasa Telecom ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပြီး ယင်းကဲ့သို့ မြန်မာအစိုးရက လိုင်စင်လက်မှတ် ရေးထိုးပြီးသည်နှင့် 3G ကွန်ရက်အတွက် နောဝေ၊ ကာတာနှင့် မြန်မာကုမ္ပဏီနှစ်ခုတို့က အပြိုင်အဆိုင် လုပ်ငန်းစတင်ကြတော့မည် ဖြစ်သည့်အတွက် Changlasa Telecom က MPT နှင့် MEC ကို ပူးပေါင်းရန် ကမ်းလှမ်းခြင်းဖြစ်သည်ဟု သိရသည်။ Changlasa နည်းတူပင် မြန်မာနိုင်ငံသား ဖြစ်ခဲ့သူ ဦးဝင်းသိန်း၏ HTC ပြင်သစ်အခြေစိုက် Orange၊ ဂျပန်အခြေစိုက် Marabeni တို့ကလည်း မြန်မာနိုင်ငမှ MPT နှင့် MEC ကို ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရကာ မြန်မာနိုင်ငံတွင် ထဲထဲဝင်ဝင် မစတင်နိုင်သေးသည့် 3G ကွန်ရက်အတွက် ရင်းနှီးမြှုပ်နှံလိုနေကြသည်ဟု သိရသည်။

အေဝိုင်အီး

ပြည်မြန်မာဂျာနယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်