Friday, October 18, 2013

လိုက်ပါသူအားလုံး သေဆုံးဖွယ်ရှိသည့် လာအိုလေယာဉ်ပျက်ကျမှုမှ အလောင်း ၁၁လောင်းရှာတွေ့

Posted by drmyochit Friday, October 18, 2013, under | No comments


အောက်တိုဘာ ၁၈။

မဲခေါင်မြစ်အတွင်း ပျက်ကျသွားခဲ့သော လာအိုလေကြာင်းလိုင်း လေယာဉ်အမှတ် QV301 မှ အလောင်း ၁၁လောင်း တွေ့ရပြီ ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းမှ ညွှန်ကြားရေးမှူးချုပ် Yakao Lopangkao က အောက်တိုဘာ ၁၇ရက်က တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၆ရက် ပျက်ကျခဲ့သော လေယာဉ်သည် မဲခေါင်မြစ်ထဲ မကျမီ Done Kho ဆိပ်ကမ်းနှင့် ရိုက်မိခဲ့ပြီး အသက်ရှင်လွတ်မြောက်သူ မတွေ့ရသေးပေ။ မဲခေါင်မြစ်မှာ မူကလကတည်းက ရေစီးအလွန် သန်သည့်အပြင် မိုးသည်းထန်စွာ ရွာသွန်းထားသဖြင့် ရေအလွန်တက်လျက်ရှိရာ ကျိုးပြတ်သွားသော လေယာဉ်အစိတ်အပိုင်းများ အလွယ်တကူ မျောပါသွားခဲ့ကြောင်း Lopangkao က ဆိုသည်။ လေယာဉ်ကိုယ်ထည်ကိုလည်း ရှာမတွေ့သေးကြောင်း၊ တွေ့လျှင်ချက်ချင်း ဆည်ယူနိုင်ရန် ၀န်ချီစက်များ ဆိပ်ကမ်းတွင် အသင့်ပြင်ထားသည်ဟုလည်း ဆိုသည်။

လာအိုနှင့် ထိုင်း ကယ်ဆယ်ရေးအဖွဲ့များ ပူပေါင်းကာ လေယာဉ်ကိုယ်ထည်ပိုင်းကို ရှာသော်လည်း မတွေ့သေးပေ။

ယင်းနေ့ အောက်တိုဘာ ၁၆ရက် ဒေသစံတော်ချိန် ၂နာရီ၄၅မိနစ်တွင် Vientiane မှထွက်ခွာခဲ့သော လေယာဉ်သည် Pakse နိုင်ငံတကာလေဆိပ်သို့ ၃နာရီ၅၅တွင် ဆိုက်ရောက်ရမည်ဖြစ်သည်။ သို့သော် ရာသီဥတုမျာ ဆိုးရွားနေပြီး ဗီယက်နမ်တွင်လည်း အင်အားပြင်းတိုက်ဖွန်းမုန်တိုင်း တိုက်ခိုက်နေသည့် ထိုအခိုက် ဒေသစံတော်ချိန် ၄နာရီ တွင် လေဆိပ်နှင့် ကီလိုမီတာအနည်းငယ် အကွာတွင် လေယာဉ်ပျက်ကျသွားခဲ့သည်။

လေယာဉ်တွင် အမှုထမ်း ငါးဦးနှင့် ခရီးသည် ၄၄ ဦးတို့ လိုက်ပါခဲ့ပြီး အားလုံး အဖိတ်အဆင် ဖြစ်မည်ဟု ယုံကြည် ထားကြသည်။

လေယာဉ်မှူးမှာ ကမ္ဘောဒီးယားမှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သလို အချက်အလက် အားလုံးမှာလည်း လေယာဉ်မှူးအမှား နှင့် စက်ချို့ယွင်းမှု တို့ထက် ဆိုးရွားသည့် ရာသီဥတု ဘက်ကိုသာ ယိမ်းလျက်ရှိသည်။ ယခုနှစ် ဆန်ပိုင်းက ပြင်သစ်မှ ၀ယ်ယူခဲ့သော ယင်းလေယာဉ် ပျံသန်းမှု ၇၅၈ နာရီကြာပြီးသည့် မတ်လကပင် စက်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသမ်းမှု လုပ်ခဲ့ သေးသည်။

လာအို လေကြောင်းလိုင်းသည် အရည်အချင်းရှိ လေယာဉ်မှူးကောင်းများ၊ ၀ါရင့် နည်းပညာရှင်များကို ငှားရမ်းလုပ်ကိုင်ခဲ့ သဖြင့် ဘေးကင်းလုံခြုံသော လိုင်းအဖြစ် ကျော်ကြားသည်။ နောက်ဆုံးလေယာဉ်ပျက်မှုမှာ လွန်ခဲ့သော ၁၄နှစ် ၀န်းကျင် ၁၉၉၉ ခုနှစ်က ဖြစ်သည်။

 Ref: AFP, Xinhua
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်