Friday, October 18, 2013

ဖြူးတွင် ခေါင်းဖြတ်သတ်မှု ကျူးလွန်သူများအား ၆၈ နာရီအတွင်း ဖမ်းမိ

Posted by drmyochit Friday, October 18, 2013, under | No comments


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် အသတ်ခံရမှု ဖြစ်စဉ်မှ လူသတ်တရားခံ နှစ်ဦးအား ၆၈ နာရီ အကြာတွင် ဖမ်းဆီရမိခဲ့ကြောင်း ဖြူးမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစံလှ၏ ပြောကြားချက်အရ သိရသည်။

လူသတ်တရားခံများမှာ ရဲညွန့်(ခ)ဖထီး (၅၃)နှစ်(ဘ)ဦးသန်းနှင့် သိန်းထွန်းဦး(ခ) သံချောင်း(ခ)သံလုံး (၂၆)နှစ်(ဘ)ဦးတင်ဦး၊ လှေကားထောင်မြောင်၊ ငုပ်စွယ်စုံ၊ ရေသိုးရွာ၊ ကျီးမနိုးတောင်ပေါ် ကျေးရွာအုပ်စု နေသူတို့ ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက် ည ၁၁ နာ ရီခွဲတွင် တရားခံများအား ဖမ်းဆီးရမိခဲ့သည်။

”သတ်တဲ့လူတွေရဲ့ ထွက်ဆိုချက်အရ ခေါင်းဖြတ် အသတ်ခံရတဲ့ ဦးဇော်မင်းက သူနဲ့အရက်အတူ သောက်နေတဲ့ လူတွေရှေ့မှာ သူ့မိန်းမကို မဖွယ်မရာတွေ လုပ်ခိုင်းတယ်။ အဲဒါကို သံချောင်းဆိုတဲ့ လူငယ်က မကျေနပ်တော့ ဦးဇော်မင်းကို နောက်ကျောဘက်ကနေ ၀ါးရင်းတုတ်နဲ့ အရင်ရိုက်တာ။ ပြီးမှ အဘွားကြီးကြောင့် အခုလိုဖြစ်ရတာဆိုပြီး အဘွားကြီးကိုပါ ဆက်ပြီးရိုက်တာ ပြီးတော့ ဦးဇော်မင်းရဲ့ဓားကို ဓားအိမ်ထဲက ဆွဲထုတ်ပြီး ရဲညွန့်ကို ပေးတယ်။ ရဲညွန့်က ဦးဇော်မင်းကိုရော သူ့မိန်းမကိုရော ဦးဇော်မင်းရဲ့ဓားနဲ့ ပြန်ထိုးခဲ့တာ၊ ခေါင်းပိုင်းကိုတော့ ရဲညွန့်က ဖြတ်ခိုင်းလို့ သံချောင်းက ဖြတ်ခဲ့တာ” ဟု အမှုစစ်ခေါင်းဆောင် ဒုရဲမှူးစံလှက ရှင်းလင်းခဲ့သည်။

လူသတ်မှု ကျူးလွန်သူ ကျူးလွန်သူများသည် အရှည် နှစ်ပေခွဲခန့်၊ လုံးပတ် ခြောက်လက်မ ၀န်းကျင်ခန့်ရှိ ၀ါးရင်းတုတ်နှင့် ခေါင်းဖြတ် အသတ်ခံရသည့် ဦးဇော်မင်း ကိုင်ဆောင်သည့် ဓားကောက်ချွန် တို့အား အသုံးပြု သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးခေါင်းပြတ်အား ပဲခူးရိုးမတောင်ပေါ် မြသိန်းတန်တောင်၏ အရှေ့မြောက်ထောင့် လျိုထဲတွင် ပစ်ထားခဲ့ကြောင်း၊ သွားရောက်ရှာဖွေရာ တွေ့ရှိခြင်း မရှိသေးကြောင်း၊ ထပ်မံရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒုရဲမှူး ဦးစံလှက သုံးသပ်ပြောကြားသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး ဇဟားတံတား အောက်ခြေဇဟား ချောင်းစပ်တွင် အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ခေါင်းဖြတ် အသတ်ခံရမှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုမှ လူသတ်တရားခံနှင့် အသတ်ခံရသည့် အမျိုးသမီး၏ အမည် နေရပ်လိပ်စာတို့အား ယနေ့တိုင် ဖော်ထုတ်ဖမ်းရမိခြင်း မရှိသေး သကဲ့သို့ ဧပြီ ၂၃ ရက် ညက ပြည်မြို့၊ န၀ဒေး တံတားအောက်တွင် ဖြစ်ပွားခဲ့သော သမီးရည်းစား စုံတွဲအား ပစ္စည်းလုယူ တိုက်ခိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးသွားသည့် လူသတ်မှု ဖြစ်စဉ်တွင်လည်း ပြစ်မှုကျူးလွန်သူ တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

Source : EMG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်