အောက်တိုဘာ ၂၆။
ထိုင်းနိုင်ငံမြောက်ပိုင်းမှ တောင်တန်းများ ထူထပ်သော လန်ပန်းပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များ စီးနင်းလိုက်ပါခဲ့သော ဘုရားဖူးယာဉ် တစ်စီးသည် မီတာ ၃၀အနက်ရှိ တောင်ကြားထဲ ထိုးကျခဲ့သဖြင့် အနည်းဆုံး ၂၀ဦးခန့် သေဆုံးပြီး ၁၆ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။ အောက်တိုဘာ ၂၃ရက်က ၀မ်နူးခရိုင်တွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်သည် ယာဉ်မောင်းသည် မြွေလိမ်မြေကောက်သဖွယ် ဖြစ်နေသည့် လမ်းမထက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးရှိ တောင်ကြားထဲသို့ ကားထိုးကျသွားခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှာလည်း ဒဏ်ရာပြင်စွာ ရရှိခဲ့ကြောင်း ရဲဌာနက ဆိုသည်။
သေဆုံးသူများထဲတွင် အမျိုးသမီးများမှာ အများဆုံးဖြစ်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လတ်တလော ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ထိုင်းနိုင်ငံ၌ လူတစ်သိန်းလျှင် ၃၈.၁ဦးသည် ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးနေရပြီး အရှေ့တောင်အာရှ ဒေသတစ်ခုလုံး၏ ယာဉ်မတော်တဆမှုပေါင်း ၁၈.၅ ရာခိုင်နှုန်းသည် ထိုင်းတွင်ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ၏ ကားလမ်းများမှာ အရှေ့တောင်အာရှတွင် မတော်တဆ ဖြစ်ပွားမှုအမြင့်ဆုံး လမ်းမများ ဖြစ်နေပြီး နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၆၀၀၀ဦးခန့် ရှိကြောင်း ထိုင်းပြည်ထဲရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။
Ref: AL Jazeeras
From: The Myanma Age
Time in Rangoon


0 comments:
Post a Comment