Friday, October 25, 2013

ဇာတ်ကားများ အလျင်မပြတ် ရိုက်ကူးနေရသည့် အမ်မာစတုန်း

Posted by drmyochit Friday, October 25, 2013, under | No comments

အမ်မာစတုန်းတစ်ယောက် နောက်ထပ်လည်း ဇာတ်ကားသစ်များအတွက် ရက်ချိန်းပြည့်နေပြီဟု သိရ


ယခုလတ်တလော ရိုက်ကွင်းများနှင့် ဆက်တိုက် အလုပ်ရှုပ်နေသည့် အမ်မာစတုန်းတစ်ယောက် နောက်ထပ်လည်း ဇာတ်ကားသစ်များအတွက် ရက်ချိန်းပြည့်နေပြီဟု သိရသည်။ Amazing Spiderman 2 ဇာတ်ကားတွင် ချစ်သူ အင်ဒရူး ဂါဖီးလ်နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည့်နောက် နယူးယော့ခ်ကို စွန့်ခွာလာသည့် မင်းသမီးသည် ပြင်သစ် တောင်ပိုင်းတွင် Magic of the Moonlight ဇာတ်ကားကို ရိုက်ကူးလျှက် ရှိသည်။ ယခုတစ်ဖန် အသက်(၂၄)နှစ်ရှိ မင်းသမီးသည် ဟာသဇာတ်မြူး ရုပ်ရှင်တစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြန်ပြီဟု သိရသည်။ Hollywood Reporterက အမ်မာသည် ဒါရိုက်တာ ကင်မရွန် ခရိုဝီ၏ ဇာတ်ကားသစ်အတွက် ပါဝင်ရန် ညှိနှိုင်း အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ဇာတ်ကားသစ်ကို အမည် အတိအကျ မသတ်မှတ်ရသေးဘဲ အမ်မာနှင့်အတူ ဘရက်ဒ်လေကူးပါး၊ အဲလက်ဘော်လ်ဒွင်နှင့် ရေချယ်လ်မက်အဒမ်တို့ ပါဝင်ရန် နီးစပ်နေကြောင်း သိရသည်။ ထို့အပြင် The Officeစတား ဂျွန်ကရာနစ်စကီသည်လည်း ယင်းဇာတ်လမ်းတွင် ပူးပေါင်းလာနိုင်ကြောင်း Hollywood Reporterက ဆိုသည်။ အမ်မာအနေဖြင့် ပြင်သစ်တွင် ရိုက်ကွင်းပြီးစီးပါက ယခုဇာတ်ကားသစ်အတွက် ဆက်လက် အလုပ်များနိုင်ကြောင်းလည်း သိရသည်။ သူမ ပါဝင်ထားသည့် Amazing Spiderman 2မှာမူ (၂၀၁၄)ခုနှစ်၊ မေလ (၂)ရက်နေ့တွင် ရုံတင်သွားမည် ဖြစ်သည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်