Friday, October 25, 2013

အိပ်ခန်းထဲ ဝင်ခိုးသည့် သူခိုးကို တံခါးသော့ခတ်ပြီး ဖမ်းဆီး

Posted by drmyochit Friday, October 25, 2013, under | No comments

ကသာ ၊ အောက်တိုဘာ ၂၄

အောက်တိုဘာ၂၄ရက် နံနက်၉ နာရီခွဲက အိပ်ခန်းထဲ အထိ ဝင် ရောက်ခိုးယူနေသည့် သူခိုး တစ်ဦးကို မိန်းကလေးငယ်တစ်ဦးက ဉာဏ် ကောင်း စွာဖြင့် အိပ်ခန်းတံခါးအား သော့ခတ်ပေးထား မှုကြောင့် ရဲ တပ်ဖွဲ့ဝင် များမှ အလွယ်တကူ ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့ အ မှတ်(၇)ရပ်ကွက်နေ ဒေါ်ရင်တိုး (ခ)ဒေါ်တင်တင်တိုးသည် အလှ ပြင်ဆိုင် သို့ရောက်ရှိနေစဉ် အိမ် တွင်ကျန်ရှိနေခဲ့သော သမီး ငယ် မယဉ်မွန်အောင် ၁ရနှစ်က ဖုန်း ဆက်၍ အိမ်ရှိ အိပ်ခန်းအတွင်း   သူခိုးတစ်ဦး ဝင်ရောက် ပြီး ငွေ များ ခိုးယူနေသည်ကို တွေ့ရ၍ အိပ်ခန်းတံခါးကို သော့ခတ်ထား လိုက်ကြောင်း အသိပေးခဲ့သည်။

သမီးငယ်၏ပြောဆိုချက် အရ မိခင်ဒေါ်ရင်တိုးမှ က သာ ရဲစခန်းသို့ ဆက်လက်သတင်းပို့ ခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များလိုက် ပါလာကာ အခန်း တံခါးသော့ ဖွင့် ၍ အလွယ်တကူဖမ်းဆီးရမိနိုင်ခဲ့ ခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီးရမိစဉ် မေး မြန်းချက် များ အရ ခိုးယူ ထားသော ငွေကျပ်ငါးသိန်းအား အိပ်ခန်း ပြတင်းပေါက်မှ ရေချိုးကန်ဘက် သို့ပစ်ထားကြောင်းသိရပြီး လိုက် လံရှာဖွေ ခဲ့ရာ ခိုးယူသူပစ်ထားခဲ့ သော ကျပ်၁ဝဝဝဝတန် အရွက် ၅ဝကိုပြန်ရရှိခဲ့ကြောင်း သိရသည်။  ထိုသို့ဖမ်း ဆီး ရမိခဲ့ သော ခိုးယူသူ မောင်စိုး(ခ)စိုးမင်းသန်း ၄ဝနှစ်အား ကသာရဲစခန်းမှ (ပ) ၃၀၄/၁၃ဖြင့် မှတ်တမ်းရေးသွင်း ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၈၀) အရအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ကိုဂျူ (ကသာ)
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်