Friday, October 25, 2013

ရိုက်ချက်အများအပြားဖြင့် နို့ရည်ဝတ်စုံများ ဖန်တီးပြခဲ့သည့် ဓာတ်ပုံဆရာ

Posted by drmyochit Friday, October 25, 2013, under | No comments

ဓာတ်ပုံတစ်ပုံအတွက် ရိုက်ချက် (၂၀၀)မျှကို အသုံးပြုထားရကြောင်း ဂျာရိုဆလက်ဗ်က ဆိုသည်


နို့ရည်ဖြင့် ဖန်တီးထားသည့် ဝတ်စုံမျိုးကို ဖန်တီးရန် ဓာတ်ပုံဆရာ တစ်ဦးက စိတ်ကူးရခဲ့သည်။ ထိုစိတ်ကူးအတိုင်းပင် ၎င်း၏ စွမ်းရည်ဖြင့် လက်တွေ့ ဓာတ်ပုံကောင်းများကို ဂျာရိုဆလက်ဗ် ဝီဇာကီဝစ်ဇ်က ဖန်တီးပြနိုင်ခဲ့သည်။ လန်ဒန်တွင် နေထိုင်သည့် ပိုလန်ဖွား ဓာတ်ပုံဆရာသည် ပြက္ခဒိန်အတွက် အဆိုပါ ဓာတ်ပုံများကို ဖန်တီး ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ ဆန်းပြားသည့် ပုံရိပ်များ ရရှိလာအောင် ဓာတ်ပုံပြင်ဆင်သည့် Softwareများဖြင့် အပြောင်းအလဲ လုပ်ဆောင်ထားခြင်း မဟုတ်ဘဲ ဓာတ်ပုံရိုက်ချက် Layer အများအပြားကို ထပ်ထားခြင်းဟု သိရသည်။

ဓာတ်ပုံတစ်ပုံအတွက် ရိုက်ချက် (၂၀၀)မျှကို အသုံးပြုထားရကြောင်း ဂျာရိုဆလက်ဗ်က ဆိုသည်။ ယခုအခါ (၁၉၅၀)ပြည့်လွန် နှစ်များ၏ ပုံရိပ်မျိုး လွှမ်းမိုး သက်ရောက်နေသည့် ဓာတ်ပုံများသည် ပြက္ခဒိန် တစ်ခု အနေဖြင့် စုစည်းလာတော့မည် ဖြစ်သည်။ ယင်းဓာတ်ပုံများ ရရှိရန်အတွက် ဂျာရိုဆလက်ဗ်သည် မော်ဒယ်လ် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ပေါ်သို့ လိုချင်သော ရှုထောင့် အသီးသီးမှ နို့ရည်ဖြင့် လှမ်းပက်ကာ Fast Exposure ရိုက်ချက်များဖြင့် ပုံရိပ်ဖမ်းယူခဲ့သည်။

အတွင်းခံ ဘောင်းဘီ တစ်ထည်ကိုသာ ဝတ်ဆင်ထားသည့် မော်ဒယ်လ်များကို နို့ရည်က ဖုံးအုပ် ကာကွယ်သွားချိန်များကို စိတ်ကြိုက် ရိုက်ယူပြီး ဓာတ်ပုံများကို အလွှာအထပ်ထပ်ဖြင့် အနုစိတ် ပုံရိပ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းဓာတ်ပုံများအတွက် Softwareဖြင့် ဖန်တီး ပေါင်းစပ်မှု လုံးဝ မပါဝင်ကြောင်း ဂျာရိုဆလက်ဗ်က ရှင်းပြခဲ့သည်။ "အင်မတန် လက်ဝင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ထိုက်တန်ပါတယ်။ ကျွန်တော့် စိတ်ကူးအတိုင်း မှန်မှန်ကန်ကန် ပုံဖော်နိုင်ခဲ့တယ်လေ"ဟု ဂျာရိုဆလက်ဗ်က ဝံ့ကြွားစွာ ပြောဆိုသွားခဲ့သည်။









Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်