Friday, October 25, 2013

တဲလ်အဗစ် ပရိသတ် အများစု အကြိုက်မတွေ့ခဲ့သည့် ရီဟန်နာ

Posted by drmyochit Friday, October 25, 2013, under | No comments

ရီဟန်နာသည် ယခုသီတင်းပတ်အတွင်း သူမ၏ Diamonds ကမ္ဘာလှည့် ဖျော်ဖြေမှု ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်အဖြစ် အစ္စရေးတွင် တစ်ရက် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်


တဲလ်အဗစ်တွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲ အစီအစဉ်၌ ရီဟန်နာကို အစ္စရေး ပရိသတ် အများစုက အကြိုက် မတွေ့ခဲ့ကြောင်း သိရသည်။ ရီဟန်နာသည် ယခုသီတင်းပတ်အတွင်း သူမ၏ Diamonds ကမ္ဘာလှည့် ဖျော်ဖြေမှု ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်အဖြစ် အစ္စရေးတွင် တစ်ရက် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရီဟန်နာသည် ဖျော်ဖြေပွဲကို နှစ်နာရီနီးပါး နောက်ကျပြီးမှ ရောက်လာသလို အစ္စရေးအစား ပါလက်စတိုင်းဆိုသော အသုံးအနှုန်းကို သုံးစွဲသွားသဖြင့် အငြင်းပွားဖွယ် အခြေအနေများ ဖြစ်လာခဲ့သည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် နယ်မြေအငြင်းပွားမှု ပြဿနာများ ကာလရှည်ကြာ ရှိနေခဲ့ပြီး အသက်(၂၅)နှစ်ရှိ ဘာဘေးဒိုးစ်ဖွား အဆိုတော်က အစ္စရေးဆိုသော စကားလုံးကို ရှောင်ကြဉ် အသုံးပြုသွားသည်။

တဲလ်အဗစ်သည် အစ္စရေးနိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သော်လည်း သူမက အစ္စရေးဆိုသည့် ဝေါဟာရကို လုံးဝမပြောဘဲ "တဲလ်အဗစ်"ဟုသာ အကြိမ်ပေါင်း တစ်ဒါဇင်ထက်မနည်း အော်ဟစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် သူမ၏ နာမည်ကျော် သီချင်းဖြစ်သည့် Pour It Upတွင် ပါရှိသော All I see is Dollar Signs ဆိုသော စာသားနေရာတွင်လည်း All I see is Palestine (ကျွန်မ မြင်သမျှကတော့ ပါလက်စတိုင်းတွေပဲ)ဟု ပြောင်းလဲ သီဆိုသွားခဲ့သည်။ သူမက "ကျွန်မဟာ ကမ္ဘာအနှံ့က ပရိသတ်တွေကို ခင်မင်မှု ရှိပါတယ်။ ဒါပေမဲ့ တဲလ်အဗစ်ကို တစ်ခေါက်ပြန်လာဖို့ကတော့ အချိန်အကြာကြီး စောင့်ခဲ့ရတယ်"ဟု ပရိသတ်များထံ ပြောဆိုခဲ့သည်။

ရီဟန်နာသည် ဖျော်ဖြေပွဲတွင် အစ္စရေးဆိုသော စကားလုံးကို လုံးဝ ရှောင်ဖယ်သွားကြောင်း ပရိသတ် အချို့က ထောက်ပြခဲ့သည်။အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်ရှိနေသည့် ရီဟန်နာသည် ယင်းမတိုင်မီကလည်း UAEနိုင်ငံတွင် အငြင်းပွားစရာ အခြေအနေ တစ်ခုကို ဖန်တီးခဲ့သေးသည်။ သူမသည် အဘူဒါဘီရှိ ရှိတ်ခ်ဇာယက် ဗလီကြီးရှေ့တွင် ခပ်လန်းလန်း ဓာတ်ပုံများ သွားရိုက်နေခဲ့ရာ တာဝန်ရှိသူများက ဗလီရှေ့မှ ထွက်သွားရန် တောင်းဆို နှင်ထုတ် ခံခဲ့ရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်