Tuesday, October 01, 2013

ဒီခေတ်မှာ အပျိုစစ်မစစ်က အရေးကြီးလား ။ ကိုယ်ပိုင်အရည်အချင်းအတွေးအခေါ်က အရေးကြီးသလားဟု မြန်မာမိန်းကလေးတစ်ဦးမှ မေးခွန်းထုတ်

Posted by drmyochit Tuesday, October 01, 2013, under | 6 comments


မိန်းကလေးတစ်ယောက် အတွက်တော့ အပျိုစစ်စစ်ဆိုတဲ့ ဂုဏ်ဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တတ်နိုင်ရင် ... ကိုယ့်အပျိုဂုဏ်လေးကို ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်သင့်တာ ... မြန်မာ မိန်းကလေး မှ မဟုတ်ဘူး .. ကမ္ဘာမှာ ရှိတဲ့ မိန်းကလေးတိုင်းပါ။

ဒါပေမယ့် ... ဘဝတစ်ကွေ့မှာ ကံအကြောင်းကြောင်းကြောင့်ဖြစ်စေ .. ငယ်ရွယ်နုပျိုချိန်မှာ အမှား အယွင်းကြောင့်ဖြစ်စေ ... ကိုယ့်ချစ်သူနဲ့ကိုယ် အပျိုဘဝကို ယုံကြည်လို့ ပေးဆပ်မိခဲ့တဲ့ မိန်းကလေးတွေ ... အိမ်ထောင်ပြုလိုက်ပြီးမှ အိမ်ထောင်ဖောက်ပြန်လို့ ကွဲရတဲ့ မိန်းကလေးတွေ ... အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေး ဖြစ်သွားရင်ရော ... လောကကြီးမှာ မျက်နှာငယ်စရာ .. အားငယ်စရာ ... စိုးရွံကြောက်နေဖို့ လိုသလားးး

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။ ယောကျာ်းထပ်ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။ ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။ တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

အပျိုစစ်စစ်ကို လက်ထပ်ထားပြီးတော့ ... ဘာမှသုံးစားမရ .. "အိပ် ခံ ပက်လက် .. ထမင်းချက်" ဆိုတဲ့ မိန်းမခေတ် (၂၁) ရာစုမှာ မရှိတော့ဘူး ... အဲလိုမိန်းမမျိုးကို ရထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာနဲ့ .. အပျိုမစစ်တဲ့ မိန်းမဖြစ်သော်လည်း .. ဘဝကို ထက်ထက်မြက်မြက် နဲ့ နှစ်ဦးလက်တွဲပြီး စဉ်းစားတွေးခေါ် လျှောက်လှမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာဟာ .. အများကြီး ကွာသွားတတ်တယ်။

နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ .. ယောကျာ်းက အရိပ်ပြရင် .. မိန်းမက အကောင်မြင်တတ်မှ .. အဆင်ပြေနိုင်မယ်။

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ ....

(သမီးဆိုး)

FROM-AYE CHAN MON

6 comments:

aww...khat par larr... thu ma sit taw lot phit mhar pot...
a pyo sit pee htat myat yin po ma kg bu larr...

ဒါကတော့မင်းခံယူချက်နဲ့ မင်း
အားလုံးကတော့ မင်းနဲ့ တူမှာ မဟုတ်နိုင်မှာ မဟုတ်ဘူး
သူတို့ တန်ဖိုးထားတာကလည်းရှိသေးတယ်
ငါတော. မင်းရဲ့ ခံယူချက်ကိုလက်မခံဘူး
Charater is the most important for one person who is either girl or boy.
Are you see..;

bal loe pyaw ya mar lae man tawe ar long ka tot ko u mae wife ko a pyo lo chin kyar tal da pin mae a de lout ma hote bu tu do couple a sin pyae yin ya tal tu shi nay tar ko sate ma shout fot tot lo tal kyat naw fri htae mar ko two yout lout shi tal da pin mae tu do a sin pyae pyae nay nay kyar tal a de ka tot ta yout ko ta yout chit nay yin a da tawe ka bar mar ma hote par bu couple tawe ka tat tat lone sex case sa lout nay mar ma hote tar

ဒါဆို မိန်းမဆိုတဲ.နာမည် တစ်လုံးရဲ.တန်းဖိုးဟာဘာလဲ..?

i think 50% right 50% wrong .but every girl not like you>

အပျိုရည်ပျက်ပြီးတဲ့ မိန်းကလေးတွေ အတွက်တော့ မှန်မှာပေါ့ ထိန်းသိမ်းတဲ့ သူအတွက် တန်ဖိုးကတော့ရှိတာပဲ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်