Tuesday, October 01, 2013

ဓမ္မစက္က ဆရာဦးမောင်မောင်မှ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ သတင်းဋ္ဌာနများနှင့် ဖြေကြားချက် ( သူခိုးဓားရိုးကမ်း အသိမဲ့တဲ့ သူတွေ မဖြစ်မနေဖတ်ပါ)

Posted by drmyochit Tuesday, October 01, 2013, under | 2 comments


အမျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သား အများစုက ၀မ်းသာအားရ ထောက်ခံနေကြပေမယ့် တစ်ချို့သော နိုင်ငံရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ လူ့အခွင့် သမား ဆိုသူများ ကလည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်တားဆီးတယ်၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန် ဆန့်ကျင် ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါဟာ လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိလို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် တကယ်သိမြင်နားလည်တဲ့ ပညာဥာဏ်နဲ့ တွေးခေါ်ပြောတာလား၊
သူများပြောတာ သံယောင်လိုက်ပြောတာလား ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ပြန်မေး ခွန်း ထုတ်သင့် ပါတယ်။

အမျိုးစောင့် ဥပဒေမှာ ဘယ်အချက်ကို သဘောမကျတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြော ဆိုနိုင်မယ် ဆိုရင် အချင်းချင်း စကားများစရာလဲ မလိုတော့ဘူး။ ရေးဆွဲသူတွေက ပွင့်လင်းမြင်သာစွာ အကြောင်း အ ကျိုးရှင်းပြထားသလို ကန့်ကွက်သူတွေဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဘာကိုတော့ ဘာကြောင့် သဘောမတူဘူးဆိုပြီး ပြောပြရင် အမျိုးသားရှေ့ရေးအတွက် ပူးပေါင်းကူညီရာ ရောက်မှာပါ။ ခုတော့ ဘယ်သူ့ မျက်နှာကြည့်ပြီး မျက်စိမှိတ် ကန့်ကွက်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

အမျိုးစောင့် ဥပဒေဆိုပေမယ့် တကယ်တော့ ဘာသာကူးပြောင်းတဲ့အခါ စည်းကမ်းစနစ်တကျ ဥပဒေနဲ့အညီ ကူးပြောင်းနိုင်အောင်နဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းး ဥပဒေ နှစ်ရပ်ကို အမျိုးစောင့် ဥပဒေဆိုပြီး ခေါ်တာပါ။

တကယ်တော့ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာများသာမက ဘာသာအားလုံးအတွက် ကန့်ကွက်စရာ မရှိဘူးလို့ မြင်ပါတယ်။ ဘာသာခြားတွေကိုလည်း တန်းတူ ကာကွယ်ပေးထားတာပါ။
ဥပမာဗျာ - ခရစ်ယာန်မိဘတွေဟာ သူတို့ သားသမီး မူဆလင်ဘာသာကို မပြောင်းစေချင်သလို မူဆလင်မိဘတွေကလည်း သူတို့ သား သမီးတွေကို ဗုဒ္ဓဘာသာ ပြောင်းစေချင်မှာ မဟုတ်ပါဘူး၊
ဒါကြောင်း ဖြားယောင်းလို့  အတင်းအဓမ္မ၀င်ခိုင်းလို့ နှိပ်စက်လို့ ခြိမ်းခြောက်လို့ ဘာသာကူးပြောင်း ရတယ်ဆိုတဲ့ ပြဿနာလည်း ရှိမှာမဟုတ်တော့ပါဘူး။

ဘယ်ဘာသာဝင်မဆို ကြိုက်တဲ့သူနဲ့ အိမ်းထောင်ပြုခွင့် လက်ထပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ပေါက်လွှတ်ပဲစား စည်းကမ်းမဲ့လုပ်လို့တော့ တရားမ၀င်ဘူး။ ဒီလိုလုပ်ခဲ့လို့ မြန်မာမတွေ ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာတွေ များလှပါပြီ။ သာလာယံဇရပ်လို ၀င်ချင်တိုင်းဝင် စော်ကားချင်တိုင်း စော်ကားခွင့် ရနေခဲ့ကြတာဟာ ပြတ်သားခိုင်မာတဲ့ ဥပဒေတစ်ခု မရှိလို့ဆိုတာ ခုတော့ထင်ရှားလာလို့ ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားကြတာပါ။

တစ်ခြားဘာသာမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းထားတော့ အမျိုးစောင့်အုတ်တံတိုင်းကြီးတွေ အခိုင်အမာ ရှိပြီးသားပါ။ ကျွန်တော်တို့က ခံရလွန်းလို့ ခုမှ ၀ါးခြံစည်းရိုးလေး သစ်သားစည်းရိုးလေးကာဖို့ ကြိုးစားတာပါ။ ဒါကို ဝေဖန်ခံလိုက်ရတာ နားမလည်နိုင်အောင်ပါဘဲ။

၁၉၅၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေရှိပေမယ့် မြန်မာတွေဟာ ဥပဒေလေ့လာမှုအားနည်းတာက တစ်ကြောင်း ပြဿနာဖြစ်လာရင် ငွေများတရားနိုင်ဖြစ်လွန်းလို့ အမှုအခင်းမဖြစ်ချင်တာကြောင့် ကျိတ်မှတ်သည်းခံလာခဲ့ကြတာ ရင်ထဲမှာ ခံစားချက်တွေတင်းကျပ်ပြီး ယမ်းအိုးကြီးဖြစ်နေကြတာ ခုလိုပြဿနာမီးပွားတွေ စလိုက်တာနဲ့ သံသယတွေပေါက်ကွဲပြီး ပဋိပက္ခကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ အဲဒီ သမိုင်းနောက်ခံတွေနဲ့ ပြဿနာဇစ်မြစ်တွေကို နားလည်ဖို့ လိုပါတယ်။ ပြဿနာအကြောင်းရင်းကို သိအောင်မလုပ်ပဲနဲ့တော့ ငြိမ်းချမ်းရေးဟာ မနီးပါဘူး။ များသောအားဖြင့် မြန်မာမိန်းကလေးတွေဟာ မူဆလင်နဲ့ ရပြီးရင် အစ္စလာမ်ကို နည်းအမျိုးမျိုးနဲ့ အဓမ္မသိမ်းသွင်းခြင်း ခံကြရပါတယ်။ ဒီတော့ ၅၄ ဥပဒေက ဗုဒ္ဓဘာသာ မဟုတ်တော့တဲံ့အတွက်
အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ခုဟာကလည်း မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတာပဲ ပါပါတယ်။ အပြစ်ကျူးလွန်သူဟာ အမျိုးသားပဲဖြစ်လို့ သူ့ကိုပဲ ပြစ်ဒဏ်သတ်မှတ်ထားတာကို ကန့်ကွက်ရမှာက ယောင်္ကျားလေး ဖြစ်ရမှာ မိန်းမတွေက ကန့်ကွက်နေတာဆိုတော့ ဘယ်လိုနားလည်ရမှာပါလဲ။ ယောင်္ကျားအခွင့်အရေး ဆုံးရှုံးနေတယ်ဆို ဟုတ်တုတ်တုတ်ပါပဲ။
ခုတော့ ကျွန်မတို့ ကုလားယူယူ တရုတ်ယူယူ ကပ်ပလီကြီးယူယူ လင်သရမ်းချင်တိုင်း သရမ်းမယ် ဒါ ကျွန်မတို့အခွင့်အရေးပဲ။ ကျွန်မလင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုပြီး ရန်တွေ့နေတာနဲ့တူပါတယ်။

ဒါကြောင့် မျိုးစောင့်ဥပဒေကို လွှတ်တော်မတင်ခင် ဖြစ်သင့်တာတွေကို ထပ်ပြီးဆွေးနွေးကြအုံးမှာပါ။ မြန်မာပြည်သူတွေအတွက် အနာဂါတ်ခိုင်မာအောင် ဘာအာဏာ ပါဝါကိုမှ မမျှော်ကိုးဘဲ အမျိုး ဘာသာ သာသနာ ချစ်စိတ်တစ်ခုတည်းနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ နားလည်ပေးကြပါ။ မှားတာရှိလည်း ထောက်ပြပေးကြပါ။ တိုင်းပြည်အကျိုးကိုရှေ့ရှုလို့ အတူတကွ နားလည်မှုတည်ဆောက်ပြီး စည်းလုံးညီညွတ်ကြပါစို့။
ရန်သူတွေ ၀မ်းသာအောင် မလုပ်ကြပါနဲ့။ မိမိအတ္တကြောင့်  တိုင်းပြည်နဲ့ အမျိုးသားရေးကို သစ္စာဖောက်သလို မဖြစ်ပါစေနဲ့ သမိုင်းကို ပြည်သူတွေက ရေးသားမှတ်တမ်းတင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကမ္ဘာမှာ လူ့အခွင့်အရေးလို့ လူကြားကောင်းအောင် အော်ပြနေကြပေမယ့် တကယ်မှာတော့ ဘယ်နိုင်ငံမှာမှ အမျိုးသားရေးရှေ့ကို နေရာမပေးပါဘူးဆိုတာ သိစေချင်ပါတယ်။

ဒီနိုင်ငံမှာ နောင်နှစ်ပေါင်းများစွာ မြန်မာဆိုတာ ရှိနေစေဖို့ရယ် ဘာသာတိုင်း အေးချမ်းစွာ ပြဿနာမရှိ အတူယှဉ်တွဲနေနိုင်ဖို့ ဒီဥပဒေဟာ အရေးကြီးပါတယ်။ အိမ်ရှင်လူမျိုး အိမ်ရှင်ဘာသာဆိုတာ အသိအမှတ်ပြု လေးစားမှ စော်ကားမှုကင်းပြီး သူ့စည်းကိုယ့်စည်းနဲ့ ငြိမ်းချမ်းရေးကို ထာဝရ ဖြစ်ပေါ်စေမှာ အမှန်ပါဘဲ။

ဓမ္မစက္က ဦးမောင်မောင်

2 comments:

ထောက်ခံပါတယ်။မရှိမဖြစ်လိုအပ်ပါတယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်