Tuesday, October 01, 2013

အသွင်တူလွန်းသဖြင့် ကလူနီးနှင့် ချစ်သူများ မဖြစ်ခဲ့ခြင်းဟု ဆန်ဒရာ ဘူးလော့ခ်ဆို

Posted by drmyochit Tuesday, October 01, 2013, under | No comments

ဆန်ဒရာနှင့် ဂျော့ဂ်ျတို့သည် အချို့သော ပွဲလမ်း သဘင် များတွင် အတူတွဲ တက်ရောက်ခဲ့ဖူးသော်လည်း ချစ်သူများ အဖြစ် လုံးဝ မတွဲခဲ့ကြချေ။

သူမနှင့် ဂျော့ဂ်ျကလူနီးတို့သည် အသွင်တူလွန်းသဖြင့် ချစ်သူများ မဖြစ်ခဲ့ခြင်းဟု ဟောလီးဝုဒ် မင်းသမီး ဆန်ဒရာ ဘူးလော့ခ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ဆန်ဒရာနှင့် ဂျော့ဂ်ျတို့သည် အချို့သော ပွဲလမ်းသဘင်များတွင် အတူတွဲ တက်ရောက်ခဲ့ဖူးသော်လည်း ချစ်သူများအဖြစ် လုံးဝ မတွဲခဲ့ကြချေ။ Gravity ဇာတ်ကားတွင် ဂျော့ဂ်ျနှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသည့် ဆန်ဒရာက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးနှင့် ပတ်သက်ပြီး မေးမြန်းမှုများအား ထူးခြားသော ရှုထောင့်တစ်ခုမှ ဖြေကြားခဲ့သည်။ ဂျေးလီနို၏ The Tonight Show အစီအစဉ်တွင် ဆန်ဒရာက မိမိနှင့် ဂျော့ဂ်ျတို့သည် ရင်းနှီးလွန်းသော မိတ်ဆွေများ ဖြစ်သော်လည်း မည်သည့်အခါကမျှ Dateခဲ့ခြင်း မရှိဟု အတည်ပြုခဲ့သည်။

သူမက "ကျွန်မတို့ချင်း ရင်းနှီးသလို တစ်ယောက်အကြောင်းလည်း တစ်ယောက် သိခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ နှစ်ယောက်ဟာ ဒီနယ်ပယ်မှာ နီးစပ်လွန်းလျှက်နဲ့ Dateခဲ့တာမျိုး မရှိတဲ့ ရှားရှားပါးပါး အခြေအနေလို့တောင် ညွှန်းချင်ပါတယ်။ ဖြစ်နိုင်တာက ကျွန်မတို့နှစ်ယောက်ဟာ ခံယူချက်ချင်း၊ ပုံစံချင်း တော်တော်လေး ဆင်တူတာကြောင့် ဖြစ်နိုင်တယ်။ ဒီအခြေအနေက ကျွန်မတို့ကို မိတ်ဆွေဆိုတဲ့ ဆက်ဆံရေးထက် မပိုအောင် အရာရာ တားဆီးပြီးသား ဖြစ်သွားစေတယ်လေ"ဟု ပြောကြားခဲ့သည်။

အော်စကာဆုရှင် မင်းသမီးက သူမ၏ (၃)နှစ်အရွယ် သားငယ် လူးဝစ်သည် ဂျော့ဂ်ျအပြင် ဂျော့ဂ်ျရော သူမနှင့်ပါ ခင်မင်သည့် ရန်ဒီဂါဘာတို့ကိုပါ အလွန်အားကျလေ့ ရှိကြောင်းလည်း ဆိုသည်။ ဂါဘာသည် စူပါမော်ဒယ်လ် စင်ဒီကရော့ဖို့ဒ်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ ဆန်ဒရာက "ကျွန်မသားလေးက ခုကတည်းက လူကြီးတွေကို အတုခိုးတတ်နေပြီ။ သူက ဂျော့ဂ်ျနဲ့ ရန်ဒီတို့ ပျောက်နေရင် ကျွန်မကို အမြဲတမ်းမေးတယ်။ သူက လူကြီးနှစ်ယောက်နဲ့ အတူရှိရတာကို သဘောကျတယ်။ သူတို့ကိုလည်း တော်တော်လေး အားကျပြီး လိုက်အတုခိုးတတ်တယ်"ဟု ပြောကြားသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်