Tuesday, October 01, 2013

ထိုင်းဘုရင့်သမီးတော် သီရိဒုံရဲ့ မွေးနေ့ပွဲမှာ သွားရောက် ဖျော်ဖြေမယ့် ချမ်းချမ်း

Posted by drmyochit Tuesday, October 01, 2013, under | No comments

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ကန်ချနာပူရီမှာကျင်းပမယ့် ထိုင်းဘုရင့် သမီးတော် သီရိဒုံရဲ့ မွေးနေ့အလှူပွဲမှာ Rဇာနည်၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်းတို့ကတေးသီချင်းများ နဲ့သွားရောက်သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ်။

ပွဲကျင်းပမယ့်ရက် ကတော့ စက်တင်ဘာ ၂၈၊ ၂၉ရက်နေ့ဖြစ်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲအရင် ပြုလုပ်မှာဖြစ်တဲ့ အတွက် ၂၆ရက်နေ့က တည်းက သွားမယ် လို့ပြောပြခဲ့တဲ့အဆိုတော်ချမ်းချမ်းက “ဒီပွဲလေး က အလှူပေါ့နော်။မြန်မာတွေရဲ့ရပ်ကွက်ထဲမှာ ထုံးစံလုပ်နေကျအလှူလေး ပါပဲ။အဲဒီမှာ သူတို့ အလှူလည်း လုပ်ရင်းရှိုးပွဲလေးလုပ်မယ်ပေါ့နော်။ အဲဒါနဲ့ အစ်မရယ်၊ဝိုင်းစုခိုင်သိန်းရယ်၊ကျွိုဇာနည် ရယ် သုံးယောက်သွားဖြစ်မယ်။ အရင်တုန်းက အဲဒီ လိုသွားဆိုဖို့ ကို သူတို့ဘက်ကရက်ချိတ်ပေးတယ်။ အစ်မတို့ကတစ်ယောက်နဲ့တစ်ယောက်မအားတော့ ပြန်မမေးဖြစ်တာနဲ့အစ်မတို့သုံးယောက်စလုံးအားမယ့်ရက်ကို ပြန်ရွေး ပြီးတော့လုပ်ဖြစ်ခဲ့တာပါ။ အခုလို သွားဖျော်ဖြေတာကတော့ ဒါပထမဆုံးပေါ့နော်။ဟို ရောက်ရင်လည်း ဆိုနေကျ သီချင်းလေးတွေပဲဆိုဖြစ်မယ်။ဟိုရောက်မှပဲအကတွေ တိုက်တော့ မယ်။ အချိန်လည်း ရတော့လေ။ ဟိုတုန်းကဆိုရင်လည်းအဲဒီကဘုရင်မကြီး ရဲ့မွေးနေ့ဆိုလို့ ရှိရင်လည်း မြန်မာတွေရဲ့ရပ်ကွက်ထဲမှာ ပွဲတွေလုပ် တယ်လေ။အခုတစ်ခေါက်ကျတော့သူတို့ဆီက နိုင်ငံခြားရေးရာကသံအမတ်တွေကပါ ဝိုင်းလုပ်ပေးကြတဲ့ အတွက်အားလုံးအဆင်ပြေတယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်