Monday, October 21, 2013

လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဘယ်လိုအချိန်ဇယားဆွဲမလဲ

Posted by drmyochit Monday, October 21, 2013, under | No comments


ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်အလေးချိန်ကျစေတဲ့ အာနိသင် တစ်ခုတည်း ပေးနိုင် တာမ ဟုတ်ပါဘူး။ သွေးပေါင်ပုံ မှန်ထိန်းထားနိုင်ခြင်း၊ အဆစ်ရောင် ရောဂါသက်သာခြင်း၊ နာကျင်မှု ခံနိုင်ရည် အားတိုး တက်ခြင်း၊ သက်လုံ ကောင်းစေခြင်း စသည့်အကျိုးများ ဖြစ်ထွန်းစေပါတယ်။

မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ 
မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်တာဟာ အောင်မြင်မှုပိုရစေပါတယ်။ လမ်းပေါ်မှာ အနှောင့် အယှက် ကင်းတာ၊ အလုပ်ကိစ္စတွေ မရှုပ်သေးတဲ့ အချိန်မှာ လေ့ကျင့်ခန်းလုပ်တာဟာ ပိုထိရောက်ပါတယ်။

မှတ်တမ်းတင်ပါ
အမှုမဲ့အမှတ် မဲ့နေတဲ့အခါ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်တယ်၊ မလုပ်ဖြစ်လည်း တစ်ရက်နှစ်ရက်ပေါ့လို့ ထင်ရပေမယ့် သေချာမှတ်တမ်း တင်ထားမယ်ဆိုလျှင် မလုပ်ဖြစ်တဲ့ ရက်တွေ အတော်များ တာ တွေ့ရပါ လိမ့်မယ်။

နှစ်သက်ရာလေ့ကျင့်ခန်းလုပ်ပါ
မနှစ်သက်တဲ့ လေ့ကျင့်ခန်း၊ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေလုပ်ရလျှင် စိတ်အားထက်သန်မှု ကျဆင်းတတ် ပါတယ်။ ပြေးရတာနှစ်သက်လျှင်ပြေးပါ။ စက်ဘီးစီးတာနှစ်သက်လျှင် စက်ဘီးစီးပါ။

အကူအညီရယူပါ
ငွေကြေးလည်းတတ်နိုင်မည်ဆိုလျှင် လေ့ကျင့်ခန်းဆရာတစ်ယောက် ငှားလိုက်ပါ။ ကိုယ်လေ့ ကျင့်ခန်း လုပ်ဖို့ လူတစ်ယောက်လာစောင့်နေရ တာ၊ လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လခပေးနေရ တာတွေကြောင့် အလေးထားပြီး လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။

ဇော်ကို
Source:health-central
Health Updates Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်