Monday, October 21, 2013

ဗြိတိန်မှ လူသိထင်ရှား မွတ်စလင်များကို ဆိုမာလီစစ်သွေးကြွများက ဗီဒီယိုဖိုင်မှတစ်ဆင့် ခြိမ်းခြောက်

Posted by drmyochit Monday, October 21, 2013, under | No comments


အောက်တိုဘာ ၂၀။

ဗြိတိန်ရဲ့က နိုင်ငံအတွင်းရှိ လူသိများထင်ရှားသည့် မွတ်စလင်များကိုသည် အန္တရာယ်ရှိနေကြောင်း၊ သူတို့ ကို အစ္စလာမ်၏ ရန်သူများအဖြစ် ဆိုမာလီ Shebab စစ်သွေးကြွများ၏ ဗီဒီယိုဖိုင်တွင် အမည်စာရင်းနှင့် တစ်ကွ ဖော်ပြ ထားသည်။ ယင်းဗီဒီယိုဖိုင်ကို အောက်တိုဘာ ၁၆ရက် အိစ်ဒ်နေ့က YouTube တွင် တင်ခဲသည်။ ဖိုင်သည် နာရီနှင့်ချီကြာမြင့်ခဲ့ပြီး နောက်ဝက်ဘ်ဆိုဒ်မှ ဖယ်ရှားပစ်လိုက်ကြောင်း လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ဆိုသည်။

စကော့တလန်ယာ့ဒ်အဖွဲ့ကလည်း သူတိုသည့် al – Shebab မှ ထုတ်ပြသော ဗီဒီယိုဖိုင်ကို အလေး မူကြောင်း၊ အကြမ်း ဖက်မှုများကို ဆန့်ကျင်စကား ပြောလေ့ရှိသော မွတ်စလင် သတင်းတင်းကြေညာသူ အနည်းဆုံး လေးဦးခန့်ကလည်း သူတို့၏ အမည်များ ဗီဒီယိုဖိုင်တွင် ပါဝင်နေကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် အမည်စာရင်းပါဝင်နိုင်သူများကို စစ်ဆေးစုစည်းကာ  စောင့်ကြည့်နေကြောင်း ဆိုသည်။

အမေရိကန်အခြေစိုက် SITE Intelligence Group ကလည်း ဗီဒီယိုဖိုင်မှာ လွန်ခဲ့သောလ က နိုင်ရိုလီ ဈေး ၀ယ်စင်တာကို သွေးစွန်းစေခဲ့သော တိုက်ခိုက်မှု၏ လက်သည် Shebad ဆိုမာလီအဖွဲ့ ဖြစ်ကြောင်း အတည်ပြု ထားသည်။

လက်ရှိအချိန်တွင် အမည်စာရင်းတွင်ပါသည့် ဗြိတန်မှ မွတ်စလင်အချို့က သူတို့၏ Faceboo၊ Twitter စာမျက်နှာ များတွင် သူတို့ကို ခြိမ်းခြောက်လာပုံ၊ လန်ဒန်ရဲ့ သူ့တို့အိမ်အနား ပတ္တရောင် လှည့် စောင့်ကြည့်နေ ပုံ၊ အချို့ အိမ်များကို ရဲများက ၀င်ရောက်မေးမြန်းပုံတို့ကို အသီးသီး ဖော်ပြထား ကြသည်။

ဗီဒီယိုဖိုင်တွင် Shebab အဖွဲ့က မေလ ၂၂ရက်တွင် လန်ဒန်မြို့ အရှေ့တောင်ပိုင်း ၀ူဝိခ်ျတိုက်ခိုက်အ တွင်း သေဆုံး သွားသော ဗြိတိန်စစ်သားကို ရည်ညွန်းကာ ကလဲ့စားချေသည့် အနေဖြင့် “The Woolwich Attack: It’s an Eye for an Eye”  ဟူ၍ ခေါင်းစဉ် တပ်ထားသည်။ ဗြိတိန်မြေပေါ်တွင် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်ရ န် မွတ်စလင် များကို တိုက်တွန်းထားပြီး သူတို့အဖွဲ့အစည်းကို ဆန့်ကျင် ၍ သေဆုံး ရသည့် ဗြိတိန်သား ၁၁ဦးကိုလည်း ဖော်ပြခဲ့ သည်။

Ref: AFP
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်