Monday, October 21, 2013

မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း

Posted by drmyochit Monday, October 21, 2013, under | No comments


မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။ လက်တလောအားဖြင့် ဒီမိုကရက်တစ်ပါတီမှ အဆိုပါ ပါတီပြောင်းလဲသူ ၁၂ ဦးအား မိမိသဘောအတိုင်း NLD ပါတီမှ နှုတ်ထွက်ခြင်း ဖြစ်သည့် ထောက်ခံချက်များ တောင်းဆိုထားကြောင်း ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးမှ အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်… ပါတီပြောင်းချင်လို့ဆိုပြီး ပြောပါတယ်.. ၁၂ ယောက် ပါ.. နောက်ထပ် ၁၅၀ ထပ်ပြောင်းမယ်လို့လည်း ပြောပါတယ်.. လောလောဆယ်တော့ သူတို့ဆန္ဒအတိုင်း နှုတ်ထွက်တယ် ဆိုတဲ့ ထောက်ခံချက်တွေ တောင်းထားတယ်… ကျွန်တော်တို့ပါတီက တစ်ယောက်ယောက် က တိုက်တွန်းလို့၊ စည်းရုံးလို့ ပြောင်းလာတာ မဟုတ်ဘူး ဆိုတဲ့ သဘောပါ..” လို့ ဆိုပါတယ်။

နောက်ထပ် မန္တလေးတိုင်းဒေသကြီး NLD ပါတီမှ ၁၅၀ ကျော် နှုတ်ထွက်မယ်လို့ သိရသော်လည်း ၎င်းတို့ အားလုံး ဒီမိုကရက်တစ်ပါတီ သို့ ပါတီပြောင်း မပြောင်းဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်ပြီးနောက်ပိုင်း ပါတီဝင် တစ်သိန်း ရရှိရေးအစီအစဉ်ဖြင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပေမယ့် ဗဟိုဦးစီးမှု လွန်ကဲခြင်း၊ မြို့နယ်ပါတီ ကိုယ်စားလှယ်များအပေါ် မကျေနပ်ကြခြင်း များကြောင့် နှုတ်ထွက်သူများ နှင့် ပါတီကူးပြောင်းသူများ တစ်နှစ်အတွင်း အများ အပြားပေါ်ပေါက်ခဲ့ပါတယ်။ နှုတ်ထွက်လာသူ အများစုမှာ ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေ ဦးစီးသည့် NDF ပါတီသို့ လည်းကောင်း၊ ဦးသိန်းညွန့် ဦးဆောင်သည့် ဒီမိုကရေစီ ပါတီသစ် သို့လည်းကောင်း၊ ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့လည်းကောင်း အသီးသီး ပြောင်းလဲသွားကြကြောင်း သိရပါတယ်။

From: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်