Monday, October 21, 2013

ဇာတ်ပို့ဆုကို ချောရတနာ ရမယ်လို့ ခန့်မှန်းလိုက်တဲ့ ကိုဇော်(အရုဏ်ဦး)

Posted by drmyochit Monday, October 21, 2013, under | No comments


ဗီဒီယိုရော ရုပ်ရှင်ပါ ကားအရေအတွက် စံချိန်တင်အောင် များစွာရိုက်ကူးနိုင်စွမ်း ရှိတဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ကို “ ကိုယ့်အထာနဲ့ကိုယ်” ရုပ်ရှင် အထူးပွဲ အပြီး သိလိုတာလေးတွေ မေးခဲ့ပါတယ်။

“ ကျွန်တော် ဟာသ ကားတွေ အများကြီး ရိုက်ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ ဒုက္ခိတဖြစ်နေတဲ့ လူသုံးယောက် ရဲ့ ဇာတ်လမ်းကို ရိုက်ရမှာ ဆိုတော့ ပထမ အတော် စဉ်းစားရပါတယ်။ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တို့၊ ကိုအောင်မင်းသိန်းဇနီး၊ သမီးမြတ်ကျော် တို့နှင့်လည်း ရင်းနှီးတော့ ဒီလိုဇာတ်မျိုး ရိုက်ဖို့ တော်တော် စဉ်းစားရပါ တယ်။ မသန်စွမ်း ဖြစ်ရတဲ့ လူတွေ အကြောင်းကို အရင်ကလည်း ဗီဒီယို ရိုက်ဖူးသလို အမှားလေးတွေ လည်း တွေ့ရပါတယ်။ သူတို့ရဲ့ အားနည်းချက်ကို အသုံးချပြီး ရယ်စရာဖြစ်အောင် ဇာတ် လမ်း ဆင်ပြီး ရိုက်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ အဲဒီအပေါ် တုံ့ပြန်မှုတွေ၊ ဂယက်တွေကလည်း ရှိခဲ့တယ်။ ဒါကြောင့် အဲဒီ လို လူတွေ ပါဝင်တဲ့ ဇာတ်လမ်းမျိုး ရိုက်ရမယ်ဆိုတော့ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ပလော့တွေ ကို သေသေချာချာဖက်ပြီး သူတို့နဲ့ ပတ်သက်တဲ့ ပလော့တွေ ကို ပြင်သင့် တာပြင်ပြီး သေ ချာဆွေးနွေးပြီးမှ ရိုက်ခဲ့ရပါတယ်” လို့ ပြောခဲ့ပြီး ကိုဇော် ရိုက်ခဲ့တဲ့ “ဥ” ကျေးလက်ဟာ သရုပ်ရှင် အကယ်ဒ မီ စာရင်းဝင်တဲ့အပေါ် ဘယ်သူ ရနိုင်မလဲ မေးတော့ “ ဇာတ်ညွန်း ရယ်၊ ဓာတ်ပုံရယ်နဲ့ သရုပ်ဆောင် ပိုင်းမှာ ဇာတ်ပို့ဆုကို ချောရတနာ ရမယ်ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တစ် ဇာတ်လမ်း လုံးက သူမွှေတာကြောင့် ဖြစ်သွား သလို ထူးခြားတဲ့ ကာရိုက်တာလည်း ဖြစ်တယ်။ အဲဒီ အရူးမ ကာရိုက်တာကိုလည်း ကျွန်တော် ခိုင်းတဲ့ အတွက် ကြိုးစားပြီး သရုပ်ဆောင် ပေးတာပါ” လို့ ပြောပြခဲ့ပါတယ်။

Friday(Malay)
Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်