Monday, October 21, 2013

ကေအိုင်အေ (ကချင်) အဖွဲ့ မိုင်းထောင်မှု များကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာများရရှိ

Posted by drmyochit Monday, October 21, 2013, under | No comments


၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ ၁၀နာရီ၄၅ အချိန်ခန့်တွင် မန်စီမြို့နယ်၊ စီအု ကျေးရွာ အတွင်းရှိ နန့်ဟန်ချောင်းကူး တံတားအနီး၌  ကေအိုင်အေ ကချင်အဖွဲ့ ထောင်ထားသည့် ကြီးကြပ်မိုင်း (ရီမု) ၁ လုံးပေါက်ကွဲခဲ့ရာ ရွာသား (၂) ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။

(၁) စီအူကျေးရွာနေ မောင်စိုးနိုင်လင်း (၂၃နှစ်)၊ (ဘ) ဦးမောင်ထွေး၊ ရှမ်း/ဗမာ၊ ယာဘက်ပေါင် မိုင်းစ ရှပ်မှန် (မစိုးရိမ်ရ)
(၂) စီအူကျေးရွာနေသူ ဒေါ်ခင်စန်း ၃၉ နှစ်၊ ရှမ်း/ဗမာ၊ ၀ဲဘက်ပါး မိုင်းစ ရှပ်မှန် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ၁၁နာရီ ၂၀ အချိန်ခန့်တွင် စီအူကျေးရွာ၏ အနောက်ဘက် တောင်ယာ သွားလမ်းအနီး၌ ကေအိုင်အေ ကချင် အဖွဲ့ထောင်ထားသည့် တိုက်မိုင်း တစ်လုံး တိုက်မိ ပေါက်ကွဲခဲ့သဖြင့် ဦးသန်းစိုး ၄၀ နှစ် (ဘ) ဦးလှဘို၏ အောက်မေးရိုး မိုင်းစ ထိမှန် ပွင့်ထွက် ဒဏ်ရာ (စိုးရိမ်ရ) အခြေအနေ ဒဏ်ရာ ရရှိခဲ့ပါသည်။

မိုင်းထိ လူနာများအား ရတခမရ (၃၂၀) ဆေးမှူးမှ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မတိမ်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ရန် ကျေးရွာ တာဝန်ရှိသူများနှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကေအိုင်အေ ကချင် အဖွဲ့၏ မိုင်းထောင်မှုများကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိလျက် ရှိကြောင်း သိရှိရပါသည်။

မိုးမခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်