Sunday, November 10, 2013

အင်တာနက်သုံးတိုင်း ထားကို သတိရပါလို့ ဆိုလာလေတဲ့ ထားထက်ထက်

Posted by drmyochit Sunday, November 10, 2013, under | No comments



ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည့် Miss Grand International 2013 အတွက် နိုင်ငံပေါင်း ၈၄ နိုင်ငံက ကိုယ်စားပြု အလှမယ် Best National Costume Award အလှမယ် ၁၀ ဦးစာရင်းဝင် မထားထက်ထက် နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်း ပတ္တရားကမ်းခြေမှာ ရေကူးဝတ်စုံနှင့် ဆက်လက်ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရှိရသည်။
ြ်မန်မာနိုင်ငံကိုယ်စားပြုလာရောက်ယှဉ်ပြိုင်၍စကာတင်(၁၀)ဦးစာရင်းဝင်လာသူ မထားထက်ထက်မှ နိုဝင်ဘာ ၁၉ ရက်နေ့၌ဘန်ကောက်တွင် ချီးမြှင့်မည့် ဆုများအတွက် အင်တာနက်ဆန္ဒမဲ အပါအ၀င် အဖက်ဖက်မှ ဆက်လက် အားပေးကြရန် မြန်မာပြည်သူများအား တိုက်တွန်းပြောကြား လိုက်သည်။
" ကျမကို Vote ပေးလို့ရတဲ့ Link က သုံးခုရှိတယ်။ မစ်ပေါ်ပြူလာဗုတ်အတွက်က ဒီ Grand International က ပေးမယ့် တိုင်တယ်လ် ဆုပေါ့နော် အဲ့ဒါက အမေရိကန်ဒေါ်လာ သုံးထောင် ဆု ချီမြှင့်မယ် ပေါ့နော်၊ နောက်ပြီးတော့ Tပေးတန့် အတွက်ကို ထိုင်းပေးတန့်က ပေါ့နော်၊ အဲ့ဒါကြတော့ မစ်စ်ပေါ်ပြူလာချွိုင့် အတွက် သူက ထရောပီလေးပေးမယ်၊ နောက်ပြီး တော့ မစ်စ်ဆောစောလောဂျီ ဆိုတဲ့ ၀က်ဆိုက်ရှိတယ် အဲ့ကလည်း သူက Likeအများဆုံးရပြီးတော့ ပေါ်ပြူလာ ဖြစ်တဲ့ နိုင်ငံက ထရောပီ တစ်ခုရမယ်ပေါ့နော် အဲ့ သုံးခုစလုံးအတွက်ကို နေ့စဉ်ပေါ့နော်၊ ထားထက်ထက်ကို သတိတယနဲ့ အင်တာနက် သုံးတာနဲ့ပေါ့နော်၊ ထားအတွက်ကို အရင်ဆုံးအဲ့သုံးခုလုံး Vote ပေးစေချင်တယ်ပေါ့နော် အားပေးကြပါလို့ ကျမပြောချင်ပါတယ်" ဟု ထားထက်ထက်က စကာတင်(၁၀)ဦးစာရင်း ၀င်ပြီးနောက်မြန်မာပြည်သူများကို မှာကြားလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် Miss GrandInternational 2013 ပြိုင်ပွဲကို နိုဝင်ဘာလ ၈ရက်နေ့က PROMENADA Resort Mall Chiang Mai မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ဖိလစ်ပိုင်အစရှိသည့် နိုင်ငံများမှ အလှမယ် များနှင့်အတူ အသက် ၂၄နှစ်အရွယ် အင်ဂျင်နီယာ ( အိုင်တီ)ပညာရပ်သင်ကြားဖူးသူ မထားထက်ထက်မှာမြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အင်းဝခေတ်အ၀တ်အစားနှင့် စကာတင်(၁၀)ဦးစာရင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရမှုနှင့်ပတ်သက်၍ ထားထက်ထက်က ယခုကဲ့သို့ ဆိုသည်။
" National Costume က အဲ့လိုမျိုး Top Ten ထဲဝင်မယ်လို့မထင်မှတ်မိဘူးပေါ့နော်၊ ဒီဟာက အရင် အင်းဝခေတ်ပုံစံ ဆိုပေ မယ့်လေနည်းနည်း ဆန်းတယ် ဆိုပေမယ့် နည်းနည်း ရိုးတဲ့ဟာလည်း ပါတယ်ပေါ့နော်၊
အဲ့လိုမျိုးဖြစ်တဲ့အတွက် ဒါလည်း ညီမ စိတ်ကြိုက်ပုံစံမျိုးဖြစ်တယ်ပေါ့နော်၊ အဲ့လိုမျိုးဆိုတော့ အရမ်းကို မမှန်းထားဘူး ဒါပေမယ့်မထင်ထားတဲ့အချိန်မှာ Miss Myan mar လို့ ခေါ်လိုက်တဲ့အချိန်မှာ
ကိုယ့်ကို ခေါ်တာမှ ဟုတ်ရဲ့လားပေါ့နော်"ဟု ထားထက်ထက်ကပြောကြားခဲ့ခြင်းဖြစ်သည်။
Miss Grand International 2013 ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာဘန်ကောက်၌ နိုင်ငံပေါင်း ၈၆ နိုင်ငံကို ကိုယ်စားပြု အလှမယ်များဖြင့်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း နိုင်ငံ ၆ နိုင်ငံက အလှမယ် ၆ ဦး
ပြိုင်ပွဲမှ နုတ်ထွက်သွားသည့်အတွက် နိုင်ငံ ၄ နိုင်ငံက အလှမယ်များအားအစားထိုးကျင်းပခဲ့သည်ဟု ပွဲစီစဉ်သူတို့၏အဆိုအရ သိရှိရသည်။
ချင်းမိုင်Best National Costume Award ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈၄နိုင်ငံမှ အလှမယ် ၈၄ ဦးယှဉ်ပြိုင်ရာ ထားထက်ထက်အပါအ၀င် အလှမယ်(၁၀)ဦးစကာတင် ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
Myit Ma Kha Media Group.

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်