နိုင်ငံတစ်ဝန်း အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် နိုင်ငံတော်မှ ကျပ် ၃၀ ဘီလျံအား တိုးမြှင့်ထုတ်ချေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သော်တာဝင်းက "ကျွန်မတို့ ပထမအကြိမ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထဲမှာ ပထမအကြိမ် အနေနဲ့ ငါးဘီလျံ ချပေးပါတယ်။ နောက် ၂၀၁၃ ခုနှစ် ဇူလိုင်လထဲမှာ ငါးဘီလျံ ထပ်မံချပေးပါတယ်။ အခုတစ်ခါမှာတော့ နိုင်ငံတော်က ဒီအသေးစား အလတ်စား လုပ်ငန်းရှင်တွေအတွက် ဒီအသေးစား အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ဘီလျံ ၃၀ ချထားပေးဖို့ ရှိပါတယ်" ဟု ပြောကြားသည်။
ြ်မန်မာနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်း ၆၄၀၀၀ ကျော်နှင့် မှတ်ပုံမတင်ထားသည့် လုပ်ငန်းပေါင်း ၆၂၀၀၀ ၀န်းကျင်ခန့်ရှိပြီး နိုင်ငံတော်မှာ တရားဝင် မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၆၄၀၀၀ အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် ဇူလိုင်အထိ ၁၀ ဘီလျံအား ချေးငွေအဖြစ် ချထားပေးခဲ့သည်။
"ကျွန်မတို့ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသင်းကနေပြီးတော့ ပထမနှစ်ကြိမ် ချထားတဲ့နေရာမှာ လုပ်ငန်းရှင် ၆၂ ဦးကို ချေးငွေချထားပေးပြီး ဖြစ်ပါတယ်။ နောက်ပြီး နယ်ဘက်မှာရှိတဲ့ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တွေ ချေးငွေရရှိနိုင်ဖို့အတွက် တိုင်းနှင့်ပြည်နယ် ၁၅ ခုမှာ အသေးစားနှင့် အလတ်စား ရုံးခွဲတွေ ထပ်မံဖွင့်လှစ်သွားဖို့ ရှိပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအား အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံး ရာခိုင်နှုန်း ၅၀ နှင့် အနည်းဆုံး ရာခိုင်နှုန်း ၃၀ အဖြစ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေကာလကိုလည်း ယခင်တစ်နှစ်မှ သုံးနှစ်အထိ တိုးမြှင့်ပေးထားကြောင်း သိရသည်။
Time in Rangoon

0 comments:
Post a Comment