Sunday, November 10, 2013

ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှု ခံယူထားသည် ဆိုခြင်းကို ဂျေလို ငြင်းဆို

Posted by drmyochit Sunday, November 10, 2013, under | No comments


လန်ဒန်မြို့မှ ပလပ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန် ဒေါက်တာ အေဟမ်အယ်လ်အာယူဘီက American Idol အစီအစဉ်၏ ဒိုင်ဖြစ်သူ လိုပက်ဇ်၏ မျက်နှာပေါ်တွင် အလှအပအတွက် ခွဲစိတ်မှု ခံယူထားသည့် အရိပ်လက္ခဏာ အများအပြား တွေ့မြင်ရကြောင်း Twitterတွင် သုံးသပ်ရေးသားခဲ့သည်။

သူမအနေဖြင့် ပလစ်စတစ် ဆာဂျရီ ခွဲစိတ်မှု ခံယူဖူးကြောင်း စွပ်စွဲချက်များကို ဂျနီဖာလိုပက်ဇ်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ လန်ဒန်မြို့မှ ပလပ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန် ဒေါက်တာ အေဟမ်အယ်လ်အာယူဘီက American Idol အစီအစဉ်၏ ဒိုင်ဖြစ်သူ လိုပက်ဇ်၏ မျက်နှာပေါ်တွင် အလှအပအတွက် ခွဲစိတ်မှု ခံယူထားသည့် အရိပ်လက္ခဏာ အများအပြား တွေ့မြင်ရကြောင်း Twitterတွင် သုံးသပ်ရေးသားခဲ့သည်။ ယခုအခါ အသက်(၄၄)နှစ်ရှိ အဆိုတော် မင်းသမီးက သူမအနေဖြင့် ပလစ်စတစ် ဆာဂျရီနှင့် ပတ်သက်၍ မည်သည့် အမျိုးအစား ခွဲစိတ်မှုကိုမျှ မခံယူခဲ့ဖူးကြောင်း တုံ့ပြန်ရှင်းလင်းလာခြင်း ဖြစ်သည်။
ဒေါက်တာ အာယူဘီက လိုပက်ဇ်၏ ဓာတ်ပုံနှစ်ခုကို ယှဉ်တွဲတင်ကာ "လိုပက်ဇ်ဟာ နဂို သဘာဝအတိုင်း လှပတဲ့ မိန်းကလေးပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အံ့ဩစရာ ပုံရိပ်မျိုး ဖြစ်လာတယ်"ဟု Twitterတွင် မှတ်ချက်ပြု ရေးသားခဲ့သည်။ သို့သော်လည်း လိုပက်ဇ်က "စိတ်မကောင်းပါဘူးဆရာ၊ ကျွန်မ ဘယ်တုန်းကမှ ပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှု တစ်ခုခု ခံယူခဲ့တာမျိုး မရှိခဲ့ဖူးပါဘူး"ဟု တုံ့ပြန်ရေးသားခဲ့သည်။ ထိုအခါ ဒေါက်တာ အာယူဘီက လိုပက်ဇ်ကို စော်ကားသည့် သဘောမျိုး ဖြစ်သွားပါက တောင်းပန်ကြောင်း ပြန်လည် ရေးသားခဲ့သလို ၎င်းတင်ထားသည့် ဓာတ်ပုံများကို ပြန်ဖျက်ပေးခဲ့သည်။ ဒေါက်တာ အာယူဘီသည် ယခင်ကလည်း မီလာနီ ဂရစ်ဖ်သ်၊ ရှယ်ရွန် အော့စ်ဘွန်းနှင့် ဟေဒီမွန်းတက်ဂ်တို့၏ မျက်နှာအနေအထား အပြောင်းအလဲများနှင့် ပတ်သက်၍လည်း ယခင်က Twitterတွင် မှတ်ချက်များ ရေးသားဖူးကြောင်း သိရှိရသည်။


Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်