Sunday, November 10, 2013

တနင်္သာရီတိုင်း ဒေသကြီးမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်(BE) ယခင်နှစ်များထက် ပိုမိုလျာထား တောင်းခံရန် အတည်ပြု တင်ပြထား

Posted by drmyochit Sunday, November 10, 2013, under | No comments


တနင်္သာရီတိုင်း ဒေသကြီးမှ လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက်ဘတ် ဂျက်(BE)ကို ပြည်ထောင်စု အစိုးရသို့ ယခင်နှစ်များထက် ပိုမိုလျာထားတောင်းခံရန် အတည်ပြု တင်ပြထားကြောင်း နိုဝင်ဘာ ၇ ရက်က ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် န၀မပုံမှန် အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လျာထားအတည်ပြုထားသော ၂၀၁၄-၂၀၁၅ ဘတ်ဂျက်(BE)တွင် ဆည်၊ တမံများအတွက် ကျပ် ၁ ဒသမ ၄၅၈ ဘီလျံ၊ ပါ ချန်မြစ်အတွင်း Reatining Wall အတွက် ကျပ် ၂ ဒသမ ၅ ဘီလျံ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကျပ် တစ်ဘီလျံ၊ မီးသတ်ယာဉ်ကြီး ၂၂ စီး၊ ထရေလာ ၁၉ စီး၊ အပေါ့စား မီးသတ်စက် ၁၀ စီး၊ Cylinder Air Filling Machine ၁၀ စုံ၊ အသက်ရှူ ကိရိယာ Rescue Kit ၁၀ စုံ၊ ကျောပိုး အမြှုပ်ဆေးရည် Kit နဲ့ မီးငြှိမ်းသတ်မည့် ကိရိယာမျိုးစုံ ၀ယ်ယူရေးအတွက် ကျပ် ၁ ဒသမ ၄၆၀ ဘီလျံ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ၅၀၄ မိုင် ၇ ဖာလုံရှည်သော ပြည်ထောင်စု လမ်းမကြီးနှင့် ခရိုင်လမ်းများ အဆင့်မြှင့်ပြီး ကတ္တရာ ခင်းနိုင်ရေးအတွက် ကျပ် ၁၆၄ ဒသမ ၀၃ ဘီလျံ တောင်းဆို လျာထားပေးခဲ့ကြောင်းလည်း သိရသည်။

"လမ်းတံတားများကို အဆင့်မြှင့်ရေးအတွက် ၂၀၁၃-၂၀၁၄ ဖြည့်စွက်ငွေကျပ် ၁၆ ဒသမ ၅၉၉ ဘီလျံနဲ့ ယခု တောင်းခံထားတာကတော့ ၂၀၁၄-၂၀၁၅ ဘတ်ဂျက်မှာ ကျပ် ၁၆၄ ဒသမ ၀၃ ဘီလျံ ( ဘတ်ဂျက် တစ်ရပ်လုံး၏ ၈၂ ရာခိုင်နှုန်း) ဖြစ်ပါတယ်။ ယခု လျာထား တင်ပြထားသည့်အတိုင်း ပြည်ထောင်စုမှ ခွင့်ပြုပေးခဲ့ရင်တော့ ၂၀၁၅ ခုနှစ် ပွင့်လင်းရာသီမှာ ဖြစ်ပေါ်လာမယ့် လမ်းများ အခြေအနေ (မောတောင်-တနင်္သာရီ BOT လမ်းအပါအ၀င်)ကတော့ မလွှဲတောင်မှ တနင်္သာရီ ထုံမခါ လမ်းခွဲအထိ ကတ္တရာခင်းပြီးမှာဖြစ်ပြီး ကျန်နေတဲ့ ထုံမခါ-ကော့သောင်း အကြားမှာ ၇၉ မိုင်သာ ကတ္တရာမခင်းနိုင်ဘဲ ကျောက်ချောလမ်းဖြစ်မှာမို့  နောက်ထပ် ကျပ် ၁၈ဘီလျံ ရရှိခဲ့ရင် မလွှဲတောင်-ကော့သောင်း၊ မောတောင်-တနင်္သာရီ၊ ကျွန်းစုပတ်လမ်း၊ မေတ္တာ-ထားဝယ်-မောင်းမကန်၊ ကမြောကင်း-ကျောက်နီမော်-ရှင်မော်လမ်းအားလုံး ကတ္တရာခင်း လမ်းကြီးများ ဖြစ်လာမှာ ဖြစ်ပါတယ်။ မြိတ်ရှောင်ကွင်းလမ်းနဲ့ သမုတ်တံတား၊ ပလောက်တံတား၊ တနင်္သာရီ မြစ်ကူးတံတားကြီးများ အပါအ၀င် ဆောင်ရွက်မှာဖြစ်လို့ ၃၈ တန် ခံနိုင်တဲ့ တံတားများ ဖြစ်ကြပြီး လေအိတ် ခရီးသည်ကားများနဲ့ ကွန်တိန်နာ ကားကြီးများပါ ဖြတ်သွားနိုင်တဲ့ တံတားများ ဖြစ်လာပါမယ်"ဟု တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က ပြောကြားသည်။

တနင်္သာရီ တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်တွင် ကျပ် ၄၆ ဒသမ ၄၅၂ ဘီလျံ တောင်းခံထားပြီး ၂၀၁၃-၂၀၁၄ ဖြည့်စွက်တွင် ကျပ် ၇ ဒသမ ၁၂၇ ဘီလျံ တောင်းခံခဲ့ရသောကြောင့် တိုင်းဒေသကြီး၏ ဖြည့်စွက်သည် ဘတ်ဂျက်၏ ၁၅ ဒသမ ၃၄ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး ကန့်သတ်ထားသော ၁၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့သော် နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စု လွှတ်တော်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များက တောင်းခံခဲ့ကြသော ဖြည့်စွက်ခွင့်ပြုငွေ အားလုံးကို လုံးဝမဖြတ်ဘဲ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ လာမည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျက်တွင် ပညာရေးက ကျပ် ၆ ဒသမ ၃၂၅ ဘီလျံကို ယခုနှစ်ထက် ၅၄ ရာခိုင်နှုန်း ပိုမိုလျာထား တောင်းခံထားပြီး ကျန်းမာရေးက ကျပ် ၄ ဒသမ ၉၀၆ ဘီလျံကို ယခုနှစ်ထက် ၂၃ ရာခိုင်နှုန်း တင်ပြတောင်းခံထားကြောင်း သိရသည်။ ပြည်ထောင်စုအဆင့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညှိနှိုင်းကြပြီး မည်မျှရရှိမည်ကို မသိရှိရသေးသော်လည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ သြဂုတ် ၁၂ ရက် ထားဝယ်ခရီးစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဘတ်ဂျက် ပိုမိုခွဲဝေပေးမည်ဟု ပြောကြားသွားကြောင်း တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌက ဆက်လက် ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်