Monday, November 25, 2013

ဂိမ်းကစား တာဟာ ဦးနှောက် အစိတ်အပိုင်း အချို့ကို ပိုကြီး လာစေနိုင်

Posted by drmyochit Monday, November 25, 2013, under | No comments


ဂိမ်းကစား တာဟာ ဦးနှောက် အစိတ်အပိုင်း အချို့ကို ပိုကြီး လာစေနိုင်ပြီး ပိုမိုထက်မြက် လာလား ဆိုတာနဲ့ ပတ်သတ် လို့ အငြင်းပွား နေဆဲ ဖြစ်ပေမယ့် Entertainment တစ်ခု ဆိုတာထက် ပိုလာပါပြီ။

ဗီဒီယိုဂိမ်း ကစားတာဟာ ကျွန်တော်တို့ကို ပိုပြီး ထက်မြက် လာအောင် ကူညီနိုင်လား ဆိုတဲ့ အချက်ကို အရင်လေ့လာ ချက်တွေ အရ သေချာ အတည်မပြု နိုင်ခဲ့ပါဘူး။ ဒါပေမယ့် လေ့လာချက် အသစ်တွေ အရတော့ ဂိမ်းကစားခြင်းဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်ရဲ့ အချို့သော အစိတ် အပိုင်း တွေကို ပိုမိုကြီးမား လာစေတယ် လို့ဆိုထား ပါတယ်။

ပုံမှန်အားဖြင့် Super Mario 64 ဂိမ်းကို တစ်နေ့ နာရီဝက်နဲ့ ၂ လခန့် ဆော့တဲ့ အရွယ်ရောက်ပြီး သူတစ်ယောက်ရဲ့ ဦးနှောက်ဟာ the right hippocampus, the right prefrontal cortex, the right cerebellum အပိုင်းတွေမှာ ပိုမိုကြီးမား လာတာ တွေ့ရှိ ရပါတယ်။ ဦးနှောက်ရဲ့ ဒီအပိုင်း တွေဟာ memory formation, strategic planning, muscle control နဲ့ spiral navigation လုပ်ငန်းတွေ လုပ်ဆောင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Max Plank Institute for Human Development and Charite University Medicine St.Hedwig-Krankenhaus က လေ့လာသူတွေဟာ volunteers တွေရဲ့ ဦးနှောက်တွေကို MRI နဲ့ တိုင်းတာပြီး ဂိမ်းမဆော့တဲ့ သူတွေရဲ့ ဦးနှောက်နဲ့ နှိုင်းယှဉ် ကြည့်ပါတယ်။ သူတို့ဟာ ဒီအဖွဲ့ နှစ်ခုကြားမှာ ဂိမ်းဆော့တဲ့ သူတွေရဲ့ ဦးနှောက်မှာ grey matter တွေသိသိ သာသာ တိုးလာတာကို တွေ့ရှိခဲ့ပြီး ဒီတွေ့ရှိချက် အရ ဂိမ်းဆော့ ခြင်းဟာ ဦးနှောက်ဆိုင်ရာ ရောဂါတွေကို ကုသဖို့ အထောက်အကူ ပြုမယ်လို့ မျှော်လင့်ထား ကြပါတယ်။ ဒီ့အတွက်ကြောင့် ဂိမ်းကစား ခြင်းကို training အနေနဲ့ ပေးပြီး စိတ်ရောဂါ တွေဖြစ်တဲ့ smaller hippocampus and prefrontal cortex volume in post-traumatic stress disorder, schizophrenia နဲ့ neurodegenrative ရောဂါတွေကို ပြန်လည် ကုသရာမှာ အသုံးချ နိုင်ပါတယ်။

လေ့လာသူ တွေပာာ ဦးနှောက် အရွယ်အစား ကြီးမားခြင်းဟာ လူတစ်ယောက် ပိုမိုထက်မြက်တာနဲ့ သက်ဆိုင်နေလား ဆိုတာကို အငြင်းပွား နေဆဲ ဖြစ်ပေမယ့် တချို့သော ဦးနှောက် အစိတ်အပိုင်း တွေပိုကြီးမား တာဟာ အသုံးဝင် တယ်လို့ လက်ခံထား ကြပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆို Albert Einstein ရဲ့ ဦးနှောက်ဟာ သာမန် လူတယောက်ရဲ့ ဦးနှောက်ထက် အရွယ်အစား ကြီးမားပါတယ်။ gray matter ပိုမို များပြားလာ တာဟာ ဦးနှောက် မှတ်ဥာဏ် ကောင်းဖို့ အထောက်အကူ ပြုပြီး gray matter နည်းလာခြင်းဟာ bipolar disorder နဲ့ dementia ရောဂါတွေ ဖြစ်ပွား တာနဲ့ ဆက်စပ်နေ ပါတယ်။ နောက်အချက် တစ်ချက် ကတော့ volunteer တွေထဲ မှာမှ ဂိမ်းကို ကြိုက်နှစ်သက် စွာကစား တဲ့သူတွေဟာ gray matter ပိုမိုများပြား လာတာတွေ့ ရပြီး ဒီ့အတွက် ကြောင့် ဦးနှောက်ရဲ့ အစိတ်အပိုင်း တချို့ဟာ သင်ဂိမ်း ဘယ်လောက် ကောင်းကောင်း ကစားနိုင်လဲ ဆိုတာနဲ့ ဆက်စပ်နေ ပါတယ်တဲ့။ ကဲ ဒီလောက် ဆိုရင် ဂိမ်းကစား တာဟာ ကျွန်တော်တို့ အတွက် Entertain ment တစ်ခု ဆိုတာထက် ပိုပြီး အဓိပ္ပါယ် ရှိတယ် ဆိုတာကို သက်သေ ပြဖို့ ပိုမိုနီးစပ် လာပြီ ဖြစ်ပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်