Monday, November 25, 2013

မုန်တိုင်းသတင်း

Posted by drmyochit Monday, November 25, 2013, under | 1 comment

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာ စံတော်ချိန်(၀၅း၃၀)နာရီ အချိန်တိုင်းထွာချက် များ အရ ယမန်နေ့ ကကပ္ပလီ ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း၊“လီဟာ“(LEHAR)သည်၊ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ကပ္ပလီကျွန်းစု၊ ပို့လ်ဘလဲယားမြို့၏ အနောက်မြောက်ဘက် မိုင်(၃၀)ခန့်  ၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ ၏တောင်-အနောက်တောင်ဘက် မိုင်(၁၄၀)ခန့် ၊ ပုသိမ်မြို့ ၏အနောက်တောင် ဘက် မိုင်(၃၂၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး ၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင်နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)ထိ တိုက်ခတ်နိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိပြီး၊ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊
သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ် ရှောင်ရှားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

Yatanarpon Call Center

1 comments:

၁.၁၂.၂၀၁၃ နေ့အထိမိုးရွာနိုင်လား..အလှူရှိလို့ပါ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်