Monday, November 25, 2013

ချောမွတ် နူးညံ့ အမွှေးအမျှင် ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့

Posted by drmyochit Monday, November 25, 2013, under | No comments



ချောမွတ် နူးညံ့ အမွှေးအမျှင် ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ အမွှေး ဖယ်ရှားတဲ့ နည်းလမ်း ကောင်းကို ရှာဖွေနေ ပါသလား။ ဒီမှာ နည်းလေးတွေ ဖော်ပြပေး ထားပါတယ်။

ချောမွတ် နူးညံ့ အမွှေးအမျှင် ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ဘရိတ်ဓားနဲ့ ရိတ်တာထက် ပိုကောင်းတဲ့ နည်းလမ်းကို ရှာဖွေနေ ကြပါ တယ်။ အစဉ် အလာအရ အမွှေး မရှိရမဲ့ နေရာထက် ပိုပြီးအမွေး မရှိချင်တာ အမျိုးသား တွေမှာဆို မျက်နှာနဲ့ အမျိုးသမီး တွေမှာဆို ခြေ ထောက်နဲ့ ချိုင်းအောက်လို နေရာမျိုးပေါ့။ ဒါပေမဲ့ အဲ့လို နေရာက အမွှေးတွေ ဖယ်ရှား မိတယ် ဆိုရင် မွှေးညင်းပေါက် ကိုကျယ် တာပဲ ဖြစ်စေ ပါတယ်။

မျက်နှာနဲ့ ခန္ဒာကိုယ် အမွှေးတွေကို ဖယ်ရှားဖို့ အတွက် တခြား ရွေးချယ်စရာ နည်းတွေ ရှိပါတယ်။ လျှပ်စစ်ဖြင့် မွှေးညင်းအိတ်ကို အားနည်း စေခြင်း (electrolysis)၊ လေဆာဖြင့် ဖယ်ရှားခြင်း (laser hair removal)၊ ဖယောင်းဖြင့် ဖယ်ရှားခြင်း (Waxing) တို့ပဲဖြစ်ပါတယ်။ waxing ကတော့ အချိန်ကြာကြာ ခံပါတယ်။ ကျန်နှစ်မျိုး ကတော့ အမြဲတမ်း အတွက်ပေါ့။ ကုန်ကျငွေ၊ safty risks၊ treatment တစ်ခုပြီးဖို့ အတွက် အချိန်နဲ့ အကြိုက်ပေါ် မူတည်ပြီး လိုအပ်ချက်နဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ် သင့်ပါတယ်။ အချို့နည်းက ဈေးကြီး ပါတယ်။ အချို့က အချိန်အပိုင်း အခြားအလိုက်၊ section အဆင့်ဆင့် လုပ်ရပါတယ်။ အချို့က ထာဝရ ခံပါတယ်။ information ပိုသိထားရင် ဘယ်နည်းလမ်းကို ရွေးချယ် ရမလဲ ပိုသိလာပါ လိမ့်မယ်။ လူကြိုက် အများဆုံး နည်းလမ်း ကတော့ ရိတ်တာက အမွှေး ဖယ်ရှားတဲ့ နည်းလမ်း ဟောင်းကြီးပါ။ ဆယ်စုနှစ် တစ်ခုမက ကြာရှည်နေတဲ့ နည်းလမ်း ဖြစ်ပေမယ့်လည်း ဈေးအသက် သာဆုံးနဲ့ အလျင်မြန်ဆုံး မလိုချင်တဲ့ အမွှေး ဖယ်ရှားနည်းပါ။ ဘရိတ်ဓားနဲ့ shaving cream တစ်ဗူး ဆိုတာ အနီးအနား ဆိုင်မှာတင် လွယ်လွယ် ၀ယ်လို့ ရပါတယ်။ Shaving ကလတ်တလော အတွက် ကောင်းပေမယ့် ချို့ယွင်းချက် အများကြီး ရှိပါတယ်။ အားနည်းချက် ကတော့ မကြာခဏ ရိတ်ပေး ရတယ်။ တစ်ခါတစ်လေ အမွှေး ငုတ်စိလေးတွေ မရှိအောင် နေ့စဉ် ရိတ်ရတယ်။ ဒီလို လုပ်ခြင်းက အရေပြားကို နာကျင် နီရဲစေပြီး အနီစက်၊ ယားယံခြင်း၊ ယောင်ရမ်းခြင်း ဖြစ်စေ ပါတယ်။ 

ရေရှည် ခံတဲ့ နည်းလမ်း တွေကတော့ လျှပ်စစ်ဖြင့် မွှေးညင်းအိတ်ကို အားနည်းစေခြင်း (electrolysis) ကတော့ ယခုအခါ ရေရှည်ခံ နည်းလမ်းလို့ သတ်မှတ် ထားတဲ့ တစ်ခုတည်းသော နည်းပါ။ အပ်သေးသေးနဲ့ မွှေးညင်းအိတ်ကို လျှပ်စစ် ဖြတ်သန်းပြီး အမွှေးအရင်းကို ဖျက်စီးတဲ့ နည်းပါ။ ဒီလို မွှေးညင်းအိတ်ကို ဖျက်စီးခြင်း အားဖြင့် အမွှေး ထပ်မထွက် နိုင်တော့ပဲ ကြာရှည်ခံတဲ့ ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အချိန်အထူး ဂရုစိုက်ဖို့ လိုပြီး တစ်ပင် ချင်းစီကို လုပ်ရတာ ဖြစ်တဲ့အတွက် section များများ ယူရပါတယ်။ လုပ်မဲ့ နေရာပေါ် မူတည်ပြီး ရာပေါင်း များစွာ ဒါမှမဟုတ် ထောင်ပေါင်း များစွာသော အပ်တွေနဲ့ ထိုးရတာ ဖြစ်တဲ့အတွက် လုပ်တဲ့လူ သိပ်မရှိပါဘူး။ လေဆာဖြင့် ဖယ်ရှားခြင်း (laser hair removal) -ခန္ဒာကိုယ် ဘယ်နေရာက အမွှေးအမျှင် မဆိုဖယ်ရှား လို့ရတဲ့ အတွက် အမျိုးသမီးကော၊ အမျိုးသားပါ လူကြိုက် များပါတယ်။ လူကြိုက် များတဲ့ အကြောင်းရင်းက နာကျင်မှု ပမာဏက Electrolysis နဲ့ Waxing ထက်ပိုပြီး သိသိသာသာ သက်သာ ပါတယ်။ ပိုးသားလို အသားအရေ ရဖို့ ပိုလွယ်ကူတဲ့ နည်းစနစ် ဖြစ်ပါတယ်။ Laser hair removal devices ကိုဝယ်ပြီး ကိုယ့်အိမ်မှာ တောင်လုပ်လို့ ရပါတယ်။ Laser hair removal မှာလဲ အားနည်းချက် ရှိပါတယ်။ ခန္ဒာကိုယ် ဘယ်နေရာက အမွှေး ဖယ်ရှားမလဲ၊ ဘယ်လောက် ဖယ်ရှား မလဲဆို တာပေါ် မူတည်ပြီး တခြားနည်းလမ်း ထက် ဈေးပိုကြီး ပါတယ်။ ဒါပေမဲ့လည်း ဈေးသက်သာအောင် လုပ်လို့ ရတဲ့နည်း တွေရှိပါတယ်။ ဒီနည်းလမ်းက အရောင်ဖျော့ အသားအရေနဲ့ အရောင်ရင့် အမွှေး ရှိသူအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ် သလောက် section ယူရမှာ ဖြစ်တဲ့အတွက် ရက်သတ္တပတ် တော်တော်ကြာ နိုင်ပါတယ်။
ဖယောင်းဖြင့် ဖယ်ရှားခြင်း (Waxing) - ဒီနည်းလမ်းနဲ့ အမွှေး ဖယ်ရှားတဲ့ ပုံစံ ရှိနေတာ ကြာပါပြီ။ ဖယောင်း ပူပူကို အမွှေးကင်း လိုတဲ နေရာကို သုတ်ပြီး ဖယ်ရတဲ့ နည်းပါ။ အ၀တ်စကို ဖယောင်း သုတ်ထားတဲ့ နေရာမှာ ကပ်ပြီး ဆက်ကနဲ ပြန်ခွာ ရပါတယ်။ အမွှေးတွေက ဖယောင်းမှာ ကပ်ပြီး အရင်းကနေ ဆောင့်ဆွဲပြီး အနုတ်ခံ ရတာပါ။ ဒီနည်းလမ်း ကတော့ လျင်လျင်မြန်မြန် အကျိုး သက်ရောက် ပေမယ့် pain ရှိပါတယ်။ Spa မှာရော၊ အိမ်မှာပါ ပုံစံ အမျိုးမျိုးနဲ့ လုပ်လို့ ရပါတယ်။ ပြီးတော့ ပုံမှန် Shaving လုပ်တာထက် ပိုပြီးချောမွေ့တဲ့ အသားအရေကို ရစေပါတယ်။ အားနည်းချက် တွေကလည်း သိသာပါတယ်။ အတွေ့အကြုံ မရှိသေးရင် Tutorials ၊ Videos ကိုကြည့်ပြီး လုပ်လို့ ရပါတယ်။ Waxing လုပ်လို့ ဖြစ်လာတဲ့ နာကျင်မှုကို မခံနိုင်လို့ patients တွေက တခြားနည်းလမ်းကို ပိုနှစ်သက် ပါတယ်။ အမြဲတမ်း effective ဖြစ်တဲ့နည်းလမ်း မဟုတ်လို့ နှစ်ပတ် သုံးပတ် လောက်ကြာလို့ အမွှေး ပြန်ရှည် လာရင် ထပ်လုပ်ဖို့ လိုပါတယ်။ သကြားဖြင့် အမွှေး ဖယ်ရှားခြင်း (Sugering) - Waxing နဲ့နည်းလမ်း တူတူပါပဲ။ ဖယောင်းပူ အစား သကြားစစ်စစ် ကလုပ်တဲ့ Gel/ကော်လို ဟာမျိုးကို အသုံးပြု တာပါ။ သကြားကို အခြေခံပြီး ကုန်စုံဆိုင် မှာတင် ၀ယ်လို့တဲ့ ဈေးမကြီးတဲ့၊ ပါဝင်ပစ္စည်း အသုံးပြုပြီး ကိုယ်တိုင် လုပ်လို့ရတဲ့ အတွက် တချို့က ဒီနည်းလမ်းကို နှစ်သက် ပါတယ်။ Sugering က Waxing ထက်အနာ သက်သာ တဲ့အပြင် ဈေးလဲ ပိုသက်သာရုံ သာမက အိမ်မှာ ကိုယ်တိုင် လုပ်လို့ရတဲ့ အတွက် ပိုအဆင် ပြေပါတယ်။ Epilators - တခြား နာကျင်တဲ့ အမွှေး ဖယ်ရှားနည်း ကတော့ လျှပ်စစ် ကိရိယာနဲ့ အမွှေးကို ဆုပ်ကိုင်ပြီး အရင်းကနေ ဆွဲနုတ်တဲ့ နည်းပါ။ ဒီလျှပ်စစ် ကိရိယာက သယ်ရ လွယ်ကူပြီး အိမ်မှာ သုံးလို့ ရပါတယ်။ ဆေးဆိုင်မှာ တစ်ခါ တစ်လေ ၀ယ်လို့ရပြီး အွန်လိုင်း ရှာလို့ ရပါတယ်။ Shaving ထက် effective ပိုဖြစ်ပြီး ကြာကြာ ပိုခံသော်လည်း ကိရိယာ နဲ့အတူ နာကျင်မှု ရှိတော့ အချို့အတွက် ပုံမှန် အသုံးပြုဖို့ အဟန့် အတား ဖြစ်နေပါတယ်။




ကဲကိုယ့်နဲ့ အသုံးတဲ့မယ့် နည်းလမ်းကို ရှာတွေ့ပြီး အမွှေးအမျှင် ကင်းတဲ့ အသားအရေကို ပိုင်ဆိုင် ကြပါစေ။ 








Images from facebook, alchemyofthegoddess, laserremovaltips, nonohairremovalreviewsz. Source - hairremovalmethods.org

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်